အကြမ်းဖက်သမားများဟု မသုံးနှုန်းသည့် မီဒီယာများရှိနေကြောင်း အတိုင်ပင်ခံရုံးကြေညာချက်ထုတ်

အကြမ်းဖက်သမားများဟု မသုံးနှုန်းသည့် မီဒီယာများရှိနေကြောင်း အတိုင်ပင်ခံရုံးကြေညာချက်ထုတ်
ဓာတ်ပုံ-တိုင်ပင်ခံရုံး
 

ရန်ကုန် ၊ သြဂုတ် ၂၇ ။           ။ မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာအချို့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက ခေါ်ဝေါ်သုံးစွဲသည့် အကြမ်းဖက်သမားများ ဆိုသည့် စကားလုံးကို သုံးစွဲခြင်းမရှိဘဲ အခြားဝေါဟာရများဖြင့် အမျိုးမျိုးရေးသားဖော်ပြနေကြသည်ကို တွေ့မြင်နေရသည်ဟု အတိုင်ပင်ခံရုံး၏ ယနေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ထောက်ခံခြင်း ၊ အားပေးကူညီရာ ရောက်စေသည့် ပြုမှုလုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်း ၊ ထောက်ပံ့ခြင်း ၊ မီဒီယာများမှ   ထောက်ခံရေးသားခြင်းများကို မပြုလုပ်ရန်နှင့် အဆိုပါ လုပ်ဆောင်ချက်များကို တွေ့ရှိပါက ပြည်တွင်း၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးသွားမည်ဖြစ်ပြီး ၊ ပြည်ပမှအားပေး လုပ်ဆောင်မှုများတွေ့ရှိပါက နိုင်ငံတကာရဲတပ်ဖွဲ့ကို အသိပေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

“သြဂုတ်လ ၂၆ ရက်နေ့၌ တောင်ဘဇာကျေးရွာကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ ပိတ်ဆို့ဝိုင်းထားစဉ် အချို့သော INGO ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိသည်။ အလားတူ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် မေယုတောင်ပေါ်၌ အကြမ်းဖက်သမားများ ခိုအောင်း စခန်းချရာ တဲများတွင်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားသော စွမ်းအားမြင့် ဘီစကစ်များ တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်”ဟုလည်း အတိုင်ပင်ခံရုံးထုပ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မောင်တောဒေသ တိုက်ခိုက်မှုကို အစိုးရက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ကုလသမဂ္ဂအပါအဝင် သံရုံးအချို့က ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly