အရည်အသွေးကောင်း သရက်ထွက်ရှိရေး နှင့် ပြည်ပစျေးကွက်ဝေစု ပိုမိုရရှိရေး ဆွေးနွေး

အရည်အသွေးကောင်း သရက်ထွက်ရှိရေး နှင့် ပြည်ပစျေးကွက်ဝေစု ပိုမိုရရှိရေး ဆွေးနွေး

သြဂုတ်လ ၂၆ ။               ။ အရည်အသွေးကောင်း သရက်ထွက်ရှိရေး နှင့် ခိုင်မာသောပြည်ပစျေးကွက်ဝေစု ပိုမိုရရှိရေးအတွက် သြဂုတ်လ ၂၆ ရက် နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ၊ ပုလိပ်မြို့ တံတားဦး လေဆိပ်လမ်း ချမ်းသာကုန်းရှိ မြန်မာ့သရက် စျေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းရုံး တွင် ဒေသ ၁၅ ခုကျော်မှ သရက်စိုက်တောင်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

'' သရက်စိုက်တောင်သူတွေ တစ်နယ်နှင့်တစ်နယ် နည်းပညာ ကွာနေပုံ၊ စျေးကွက် ရောင်းပုံဝယ်ပုံတွေ ကို တောင်သူအချင်းချင်း အတွေ့အကြံုတွေ အဓိကထား ဆွေးနွေးသွားမှာပါ၊ အရည်အသွေးကောင်း သရက်ထွက်ရှိရေး နှင့် ခိုင်မာသောပြည်ပစျေးကွက်ဝေစု ပိုမိုရရှိရေးအတွက်လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ် '' ဟု မြန်မာ့သရက် စျေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကသာ၊ ကောလင်း၊ ဝန်းသို၊ သပိတ်ကျင်း၊ တကောင်းဒေသ၊ ဘုတလင်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ရှမ်းတောင် စသည့် ဒေသများမှ သရက်စိုက် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာ့ သရက်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်တစ်ခုအဖြစ် ပြည်ပစျေးကွက်တွင် ရောင်းချနေမှုများ၊ ပြည်တွင်း သရက်စိုက် တောင်သူများ မိမိဒေသအလိုက် စိုက်ပျိုးရေး အခက်အခဲ နှင့် စျေးကွက်ရ ရှိမှု အခက်အခဲများ၊ မိမိဒေသအတွင်း စိုက်ခင်းပြုစုမှု ပုံစံများ၊ ယျေဘူယျ အသီးအရည်သွေး၊ စျေးကွက်ရရှိမူ၊ ရောင်းချပုံ နည်းစနစ် နှင့် အခက်အခဲများ ပို့ကုန်မျိုးအသစ် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

'' ဒီပွဲမှာ ပြည်တွင်းက သရက်စိုက်တောင်သူတွေ တစ်နှစ်တာအတွင်း အပင်ပြုစုပုံ၊ အသီးထွက်ရှိခဲ့မှု အခြေအနေ၊ ရောင်းဝယ်ဖေါက်ကားခဲ့ရသည့် အတွေ့အကြံု၊ စျေးရရှိမှု အခြေအနေ၊ အခက်အခဲတွေ တင်ပြနိုင်ပါတယ်၊ သူတို့ တင်ပြလာတဲ့ အခက်အခဲ၊ အခြေအနေတွေကို တတ်သိနားလည်တဲ့ ဌာနဆိုင်ရာမှ ပညာရှင်တွေ၊ ရောင်းဝယ်ဖေါက်ကားသူတွေ၊ နိုင်ငံခြားသို ့ တင်ပို့ရောင်းချသူတွေက ဆွေးနွေးချက်များအပေါ် မူတည်ပြီး လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးသွားမှာဖြစ်ပါတယ် '' ဟု မြန်မာ့သရက် စျေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

အရည်အသွေးကောင်း သရက်ထွက်ရှိရေး နှင့် ခိုင်မာသောပြည်ပစျေးကွက်ဝေစု ပိုမိုရရှိရေးမှ ရ ရှိသော ဆွေးနွေးချက်များအား သရက်ပညာရှင်အသီးသီးမှ ပြန်လည်ဆွေးနွေးပေးခဲ့ပြီး သရက်စိုက်ပျိုးခြင်း အခက်အခဲများအား မြန်မာ့သရက် စျေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ အကြံပြု ဆွေးနွေးဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly