ရခိုင်ပြည်နယ်အတွင်းမှ တိုက်ခိုက်မှုများကို ရှုံ့ချကြောင်း ကုလ ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ခိုက်မှုများကို ရှုံ့ချကြောင်း ကုလ ထုတ်ပြန်

ရန်ကုန် ၊ သြဂုတ် ၂၅ ။            ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသအတွင်းရှိ လုံခြံုရေးရဲစခန်းများ အချိန်ကိုက် တိုက်ခိုက်ခံရခြင်းများကို ရှုံ့ချကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက်  သေဆုံးသူ မိသားစုဝင်များနှင့်ထပ်တူ ၀မ်းနည်းကြောင်း ၊ ဒဏ်ရာရရှိသွားသူများကို အမြန်ဆုံးပြန်လည်သက်သာစေရန် ဆုမွန်ကောင်း တောင်းဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Renata Lok-Dessallien က ထုတ်ပြန်ပြောကြားသွားခဲ့သည်။

ယင်းအပြင် တာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ရှောင်ရှားရန် ၊ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် ၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည် လုပ်ဆောင်ရန်နှင့် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် ကုလသမဂ္ဂမှ  တိုက်တွန်းထားသည်။

ကုလမဂ္ဂအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ပြီး အခြေအနေများကို ဆက်လက် စောင့်ကြည့်နေသလို ယခုဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ရဲ့ အကြံပြုချက်များကို အစိုးရဘက်က ဖော်ဆောင်သွားရမည်မှာ ထင်ရှားနေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly