ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပချိန်နှင်​့ အချိန်ကိုက်တိုက်ခိုက်ဟု တပ်မတော်ထုတ်ပြန်

ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပချိန်နှင်​့ အချိန်ကိုက်တိုက်ခိုက်ဟု တပ်မတော်ထုတ်ပြန်

ရန်​ကုန်​၊ သြဂုတ်​ ၂၆ ။            ။ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်နှင်​့ အချိန်ကိုက်ကာ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့်  တစ်ချိန်တည်း၊ တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်​းဖြစ်​​ကြောင်​း တပ်​မ​တော်​မှ သတင်​းထုတ်​ပြန်​သည်​။

လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ် များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားများဖြင်​့တိုက်​ခိုက်​ခဲ့ခြင်​းဖြစ်​​ကြောင်​း သိရသည်​။

တိုက်​ခိုက်​မှုများ​ကြောင်​့ တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး  ကျဆုံးခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက်  အကြမ်းဖက်သမားများနောက် ပါရှိသွားခဲ့​ကြောင်​း တပ်​မ​တော်​၏ ထုတ်ပြန်​ချက်​တွင်​ပါရှိသည်​။

အကြမ်းဖက်သမား အလောင်း ၁၅ လောင်းရရှိခဲ့ကြောင်​းလည်​း သိရသည်။

နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့်နှစ်ဖွဲ့ခွဲ၍ ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည် ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိပြီး ထွက်ပြေးသွားခဲ့​ကြောင်​း ထုတ်​ပြန်​ချက်​​တွင်​​ ဖော်​ပြထားသည်​။​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly