၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသားစာရင်း၌ မာ့ခ်ဝါးလ်ဘာ့ဂ်ဦးဆောင်

၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသားစာရင်း၌ မာ့ခ်ဝါးလ်ဘာ့ဂ်ဦးဆောင်

ဟောလိ၀ုဒ်မင်းသား မာ့ခ်ဝါးလ်ဘာ့ဂ်သည် ဖော့ဘ်စ်မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်နေကြဖြစ်သော ကမ္ဘာ့ဝင်ငွေ အကောင်းဆုံးမင်းသားစာရင်း၌ ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။

အသက် ၄၆နှစ်အရွယ် ၀ါးလ်ဘာ့ဂ်သည် သူပါ၀င်သရုပ်ဆောင်ခဲ့သော Daddy’s Home 2 နှင့် Transformers: The Last Knight တို့ကဲ့သို့သော ရုပ်ရှင်ဇာတ်ကားများကြောင့် ၂၀၁၇ ခုနှစ်အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာ ၆၈ သန်းခန့် ရရှိခဲ့ကြောင်း ဖော့ဘ်စ်မဂ္ဂဇင်းမှ အင်္ဂါနေ့က ထုတ်ပြန်သော စာရင်းအရ သိရသည်။

ပြီးခဲ့သော ၂၀၁၆ခုနှစ်က ၀င်ငွေအကောင်းဆုံးမင်းသားစာရင်း၌ ဦးဆောင်နိုင်ခဲ့သော ဒွိန်းဂျွန်ဆင် (The Rock) က ယခုနှစ်တွင် ၀င်ငွေ ၆၅ သန်းသာ ရရှိခဲ့သောကြောင့် ၀ါးလ်ဘာ့ဂ်၏နောက် ဒုတိယနေရာတွင်သာ ရပ်တည် လျက်ရှိသည်။

ဖော့ဘ်စ်သည် ၀င်ငွေအကောင်းဆုံး မင်းသားစာရင်းကို ရုပ်ရှင်များ၊ တီဗီအစီအစဉ်များနှင့် ကြော်ငြာဏ္ဍများမှ ရရှိခဲ့သော မင်းသားများ၏ အခွန်မဆောင်ရသေးမီ ၀င်ငွေများကို ကြည့်ရှုခန့်မှန်းကာ ယခုလိုစာရင်းထုတ်ပြန် ခြင်း ဖြစ်သည်။

၀င်ငွေအကောင်းဆုံးမင်းသား ၁၀ ဦးစာရင်း၌ နံပါတ် ၃ နေရာမှ နံပါတ် ရ နေရာအထိ အစဉ်အတိုင်း ရပ်တည် နေကြသော မင်းသားများမှာ ဗင်ဒိုင်ဆယ်၊ အဒမ်ဆန်ဒလာ၊ ဂျက်ကီချန်း၊   ရောဘတ်ဒေါင်းနေးဂျူနီယာ နှင့် တွမ်ခရုစ်တို့ ဖြစ်ကြသည်။

ဒါ့အပြင် ဘောလိ၀ုဒ်၏နာမည်ကျော် မင်းသားများဖြစ်ကြသော ရှာရွတ်ခန်း (ဒေါ်လာ ၃၈ သန်းရရှိ)၊ ဆယ်လ်မန် ခန်း (ဒေါ်လာ ၃၇သန်းရရှိ) နှင့် အက်ခ်ရှေကူးမား (ဒေါ်လာ ၃၅.၅သန်းရရှိ) တို့သည် ယခုနှစ်၏ဝင်ငွေ အကောင်းဆုံး ဆယ်ဦးစာရင်း၌ ပါ၀င်လာခဲ့ပြီး နံပါတ် ၈၊ ၉ နှင့် ၁၀ တို့တွင် အစဉ်အတိုင်း ရပ်တည်နေကြ သည်။

ထူးခြားချက်အဖြစ် ၀င်ငွေအကောင်းဆုံးမင်းသားစာရင်း၌ နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံးငါးနေရာ၌ ပါ၀င်ခဲ့သော မင်းသားဂျွန်နေးဒပ်မှာ ယခုနှစ်တွင်ဖော့ဘ်စ်၏ ထိပ်ဆုံးအယောက် ၂၀ စာရင်း၌ပင် မပါ၀င်ခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly