တစ်နေ့ ကုဗပေသန်း ၅၀နှုန်း ထုတ်ယူနိုင်သည့် ဓာတ်ငွေ့တွင်း ဧရာဝတီတိုင်းအတွင်း ပင်လယ်ရေအောက် ၉၅ပေက သဲကြောအတွင်း တွေ့ရှိ

တစ်နေ့ ကုဗပေသန်း ၅၀နှုန်း ထုတ်ယူနိုင်သည့် ဓာတ်ငွေ့တွင်း ဧရာဝတီတိုင်းအတွင်း ပင်လယ်ရေအောက် ၉၅ပေက သဲကြောအတွင်း တွေ့ရှိ
(ဓာတ်ပုံ- MOI)

တစ်နေ့လျှင် ကုဗပေသန်း ၅၀နှုန်း ထုတ်ယူနိုင်သည့် ဓာတ်ငွေ့တွင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကမ်းလွန် A6လုပ်ကွက်အတွင်း ပင်လယ်ရေမျက်နှာပြင်အောက် ၉၅ပေက သဲကြောအတွင်း တွေ့ရှိမှုကို စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်

"ဓါတ်ငွေ့သိုက်အနေအထားက အကြောတွေယှက်ထားသလို့ရှိပြီး အနက် ပင်လယ်ရေပြင်က ၁၁၆၁၁ပေ နဲ့ ၁၁၇၀၆ပေ ကြားထဲမှာ သွားတွေ့တယ်။ ၉၅ပေလောက်ရှိတဲ့ သဲကြောထဲမှာ ဓာတ်ငွေ့ တွေ့ရတာပေါ့။  သဲနမူနာတွေကို ယူမယ် ပြီးရင် စမ်းသပ်ပြီးရင် ဓာတ်ငွေ့စီးပွားဖြစ် ဘယ်လောက်အထိ ထုတ်နိုင်မလည်းဆိုတာ တွက်ချက်မှုတွေ လိုပါသေးတယ်၊ လက်ရှိတွေ့ရတဲ့ ဓာတ်ငွေ့အရည်အသွေးကောင်းပါ တွေ့ရှိတဲ့တွင်းက အောင်မြင်တယ်လို့ပြောလို့ရတယ်”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ယခုတွေ့ရှိသည့် ဓာတ်ငွေ့တွင်းမှာ ဧရာဝတီတိုင်းအတွင်း စတုတ္ထမြောက်တွင်းဖြစ်ပြီး တတိယမြောက်တွင်းမှာလည်း စမ်းသပ်နေဆဲဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့တွင်းများနှင့် ပတ်သက်၍ "တွင်း ၄မှာ ထွက်နိုင်တဲ့ ဓာတ်ငွေ့ပမဏာနဲ့ ဘယ်လောက်အတိုင်းအတာထိ ဘယ်အချိန်ကာထအထိ ထုတ်နိုင်မယ်ဆိုတာ အသေးစိတ်ချစိစစ်တွက်ချဖို့လို့ပါတယ်။ ပြီးမှ ထုတ်လုပ်သည့်  လုပ်ငန်းကို   နောက်တဆင့် သွားဖို့လိုပါတယ်။" ဟု ဦးဝင်းဌေးက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကမ်းလွန် A(6)တွင် MPRL E&P ကုမ္ပဏီမှ ရင်းနှီး မြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte.,Ltd မှ ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E & P Myanmar ကုမ္ပဏီမှ ၄၀ ရာခိုင်နှုန်းဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly