ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်များ၏ မေးခွန်း ၆၀ကျော်ရှိပြီ

ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်များ၏ မေးခွန်း ၆၀ကျော်ရှိပြီ

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ်များ မေးခွန်းခြောက်ဆယ်ကျော် စံချိန်တင် မေးမြန်းခဲ့ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

"အထူးသတိထားစေချင်တဲ့အချက်က ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းများမေးမြန်းရာမှာ လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေများနှင့်မေးမြန်းချဖို့လိုအပ်သလို သက်ဆိုင်ရာဝန်ကြီးများက ဖြေကြားရာမှာလည်း တတ်နိုင်သမျှ တိကျရှင်းလင်းစွာ ဖြေကြားပေးကျပါရန် မလိုလားအပ်တဲ့ အချက်အလက်များကို ချန်လှပ်ပေးကျဖို့ မေတ္တာရပ်ခံကြောင်း” တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က သတ္တမအကြိမ်ပုံမှန် အစည်းအဝေး အဖွင့်အမှာစကားဖြင့် လွှတ်တော်တွင်ပြောကြားသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ပထမပုံမှန်အစည်းအဝေးမှ ဆဌ္စမပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၁၇၄ခု ကြယ်ပွင့်မပြမေးခွန်း ၄၁ခုနှင့် အဆိုစုစုပေါင်း၁၅ခု အထိရှိပြီး အများဆုံးမေးခွန်းမေးမြန်းသူမှာ ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းဖြစ်သည်။ ၎င်း၏ နောက်တွင် ဒုတိယ မေးခွန်းအများဆုံးအဖြစ် ကျောင်းကုန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါက်တာထိန်ဝင်းက ဆယ်ခုမေးမြန်းထားသည်။

"ဆဌ္စမပုံမှန်အစည်းအဝေးအထိ မေးခွန်းမေးထားတဲ့ ကိုယ်စားလှယ်၃၈ယောက်ရှိပါတဲ့ မေးခွန်းမမေးတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဆယ်ဦးရှိပါတယ်။ မေးခွန်းမမေးတဲ့သူတွေမှာ အဆိုတွေမှာ ဝင်ရောက်ဆွေးနွေးသူတွေရှိနေပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး အခက်အခဲတွေ လွှတ်တော်ထဲမှာ မေးမြန်းကြဖို့ ကြယ်ပွင့်ပြမေးခွန်း ကြယ်ပွင့်မပြမေးခွန်း မေးဖို့ အဆိုတွေမှာဝင်ရောက်ဆွေးနွေးဖို့၊ အခက်အခဲရှိရင် ဘာတွေကူညီပေးရမလဲ”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ရေလုပ်ငန်းကို အဓိကမှီတည်လုပ်နေရသည့် ဒေသဖြစ်၍ ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ရေလုပ်ငန်းကိစ္စတွေ လမ်းပန်းဆက်သွယ်ရေး၊ပညာရေးကိစ္စများကို အဓိကမေးမြန်းမှုရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရက လွှတ်တော်တွင် ကတိကဝတ်ပြုထားသည့် မေးခွန်းများရှိသလို၊ အစိုးရကို တိုက်တွန်းထားသည့် အဆိုများလည်း ရှိကြောင်း လွှတ်တော် ဒု-ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် မြို့နယ် ၂၆မြို့နယ်မှ ကိုယ်စားလှယ် ၅၂ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် နှစ်ဦး နှင့် တပ်မတော်သား ကိုယ်စားလှယ်၁၈ဦးရှိပြီး စုစုပေါင်း ကိုယ်စားလှယ်ရ၂ဦးရှိသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဆဌ္စမပုံမှန်အစည်းအဝေးအထိ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ တပ်မတော်သားကိုယ်စားလှယ်လေးဦးကလည်း ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းမေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly