ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်း ၀မ်းတွင်းမှာ ပြုလုပ်မည်

ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်း ၀မ်းတွင်းမှာ ပြုလုပ်မည်
ဓာတ်ပုံ-မင်းမင်း
 

ရန်ကုန် ၊ ဇူလိုင် ၃၁ ။            ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကျေးလက်နေ ပြည်သူများ ပါ၀င်သည့် ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်း  မကြာမီရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၌ မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါစကားဝိုင်းပြုလုပ်ရန် ပြင်ဆင်နေမှုများကို နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားမှုများအတိုင်း ပြုလုပ်နေကြောင်း ၀မ်းတွင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က မဇ္စျိမသို့ ပြောသည်။

"ရက်အတိအကျတော့မသိသေးဘူး ၊ ညွှန်ကြားရေးမှူးရုံးက ဘာမှ အကြောင်းမပြန်သေးဘူးလေ။ ကျွန်တော်တို့ကို အခမ်းအနားပြင်ဆင်ဆိုလို့ ပြင်ဆင်နေပါတယ်" ဟု ဦးစိုးမင်းထက်က ဆိုသည်။

ကျေးလက်ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပမည့် မြေတိုင်ကန်ကျေးရွာသည် ၀မ်းတွင်းမြို့မှ နှစ်မိုင် အကွာတွင် တည်ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး စကားဝိုင်း၌ ပြောဆိုမည့်သူများအား အဆိုပါကျေးရွာ၌ နေထိုင်သူများအား ရွေးချယ်ထားပြီး ဖြစ်သည်ဟု ဦးစိုးမင်းထက်၏ပြောဆိုချက်အ သိရသည်။

"လောလောဆယ်ရွေးထားတာကတော့ အုပ်ချုပ်ရေးပိုင်းက အုပ်ချုပ်ရေးမှူးပါမယ်။ ပညာရေးပိုင်းက ဆရာတစ်ယောက်ပါမယ်။ နောက်လူငယ်အမျိုးသမီး တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါမယ်။ နောက် ဒရိုင်ဘာတစ်ယောက်ပါမယ်။ ယက္ကန်းရုံပိုင်ရှင် တစ်ယောက်၊ နောက် စာရင်းငှားပေါ့ အစုံပါပဲ" ဟု ရွေးချယ်ထားသူများအား ဦးစိုးမင်းထက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly