ဒေသငါးခု ရေဖုံးလွှမ်းခံရနိုင်ချေ ရှိကြောင်း မိုးဇလပညာရှင် ဦးထွန်းလွင်သတိပေး

ဒေသငါးခု ရေဖုံးလွှမ်းခံရနိုင်ချေ ရှိကြောင်း မိုးဇလပညာရှင် ဦးထွန်းလွင်သတိပေး

ရန်ကုန် ၊ ဇူလိုင် ၃၀ ။           ။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုတွင် ရေဖုံးလွှမ်းခံရနိုင်မှု အလားအလာ မြင့်မားနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေးထားသည်။

ယမန်နေ့ နံနက် တိုင်းတာချက်များအရ ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ မကွေးတိုင်းတောင်ပိုင်း ၊ ဧရာဝတီတိုင်းတောင်ပိုင်း ၊ ပဲခူးတိုင်းတောင်ပိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီးများတွင် ရေဖုံးလွှမ်းခံရနိုင်မှု အလားအလား မြင့်မားနေသည်ဟု သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် သတိပေးထားခြင်းဖြစ်သည်။

ယင်းအပြင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် အိမ်ထောင်စု ၃၂,၈၅၉  ၊ လူဦးရေ ပေါင်း ၁၃၄, ၅၉၁ တို့သည် ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရေဘေးသင့်ဒေသများအတွက် ထောက်ပံ့ကြေး ငွေကျပ် သိန်း ၁,၇၀၀ ကျော် သုံးစွဲထားသည်ဟု လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly