၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင် ပြသမည့်ရက်ကို ကြေညာ

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင် ပြသမည့်ရက်ကို ကြေညာ

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားသစ်ကို လာမည့် ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် စတင် ပြသသွားမည်ဖြစ်ကြောင်း ထုတ်လုပ်သူများက ကြေညာခဲ့သော်လည်း ပင်တိုင်မင်းသားဖြစ်သူ ဒန်နီရယ်ခရိတ်ခ် ပါ၀င်မလားဆိုတာကို တိတိကျကျ မကြေညာခဲ့ကြောင်း သိရသည်။

လောလောဆယ်တွင် ဇာတ်ကားအမည်မပေးရသေးသော ထိုဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်ကို ပြီးခဲ့သော ဂျိမ်းစ်ဘွန်း ဇာတ်ကား ၆ကားအတွက် ဇာတ်ညွှန်းရေးသားပေးခဲ့သော နီးလ်ပါဗစ်နှင့် ရောဘတ်ဝိတ်ဒ်တို့က ပူးတွဲရေးသား မည်ဖြစ်သည်။

သို့သော်လည်း မင်းသားဒန်နီရယ်လ်ခရိတ်ခ်သည် ဂျိမ်းစ်ဘွန်းအဖြစ် ငါးကြိမ်မြောက် သရုပ်ဆောင်မလားဆိုတာ ကို တိတိကျကျ မကြေညာရသေးကြောင်း သိရသည်။

ဘီဘီစီ၏အဆိုအရ မင်းသားဖြစ်သူသည် လောလောဆယ်တွင် ရိုက်ကူးရန် စာချုပ်၌လက်မှတ်မထိုးရသေး သော်လည်း နယူးယောက်တိုင်းမ်၏အဆိုအရ ထုတ်လုပ်သူများနှင့် ဒန်နီရယ်ခရိတ်ခ်ကြား သဘောတူညီမှု ရရှိ ပြီးပြီဖြစ်ကြောင်း သိရသည်။

၂၅ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို မိုက်ကယ်ဂျီဝီလ်ဆင်နှင့် ဘာဘရာဘရိုကိုလီတို့က ထုတ်လုပ်သွားမည် ဖြစ်သည်။

ဒန်နီရယ်ခရိတ်ခ်၏ သုံးကားမြောက်ဂျိမ်းစ်ဘွန်းရုပ်ရှင် Skyfall သည် ဗြိတိန်တွင်လွန်ခဲ့သော ၂၀၁၂ခုနှစ်က ရုံတင်ပြသခဲ့ပြီး ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် Star Wars: The Force Awakens ၏ ဖြတ်ကျော်ခြင်းကို ခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags