လင်းနို့လူသားအဖြစ်မှ အနားယူတော့မည်ဆိုသော ကောလဟာလများကို ဘန်အဲဖလက်ခ်ငြင်းဆန်

လင်းနို့လူသားအဖြစ်မှ အနားယူတော့မည်ဆိုသော ကောလဟာလများကို ဘန်အဲဖလက်ခ်ငြင်းဆန်

အမေရိကန်မင်းသား ဘန်အဲဖလက်ခ်သည် မကြာခင်တွင် ထွက်ရှိတော့မည့် Justice League ရုပ်ရှင်အပြီးတွင် လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခြင်းမှ အနားယူတော့မည်ဆိုသော   ကောလဟာသသတင်းများကို ငြင်းဆန် ခဲ့သည်။

ကနဦးက သူသည် လင်းနို့လူသားရုပ်ရှင်ဇာတ်ကားသစ် The Batman ကို ဒါရိုက်တာအနေနှင့်ရော သရုပ်ဆောင်အနေနှင့်ပါ ရိုက်ကူးသရုပ်ဆောင်ရန် စီစဉ်ထားသော်လည်း လွန်ခဲ့သော ဇန်နဝါရီလက ထိုဇာတ် ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

The Batman ရုပ်ရှင်အတွက် သူကိုယ်တိုင်ရေးသားထားသော ဇာတ်ညွှန်းကို သူ့နေရာ၌ အစားဝင်ရိုက်ကူး မည့် ဒါရိုက်တာမတ်ရိဗ်က ချောင်ထိုးထားလိုက်သောကြောင့် သူ့အနေဖြင့် ရိုက်ကူးရေးမှ   နှုတ်ထွက်တော့မည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်းသူက အဆိုပါသတင်းများကို ငြင်းဆန်ခဲ့ပြီး “ လင်းနို့လူသားဇာတ်ကောင်ဟာ အမိုက်ဆုံးနဲ့ အလန်းဆုံး ဇာတ်ကောင်ဖြစ်ပါတယ်။ ကျွန်တော် ရှင်းရှင်းလေးပဲ ပြောပါရစေ။ ကျွန်တော် ကိုယ်ကျွန်တော် ဒီကမ္ဘာမှာ ကံအကောင်းဆုံး လူအဖြစ်တောင ်ခံစားရပါတယ်။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရတာကို ကျွန်တော်ပီတိ ဖြစ်ရသလို စိတ်လည်းလှုပ်ရှားရပါတယ်” ဟု သူက ပရိသတ်များကို စနေနေ့က ပြောကြားခဲ့သည်။

“ကျွန်တော်က အဲ့ဒီဇာတ်ကားမှာ ဒါရိုက်တာမလုပ်တော့ဘူးဆိုတော့ တချို့သူတေကွ ချော်ပြီးတွေးတောနေခဲ့ကြ တာပါ။ ကျွန်တော် ဒါရိုက်တာမလုပ်တာက သိပ်ပြီးစိတ်မပါတော့လို့ပါ။ တခြားဘာမှမရှိပါဘူး” ဟုလည်း ဘန်အဲဖလက်ခ်က ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly