ဖားကန့် လုံးခင်းလုပ်ကွက်အတွင်း ကျောက်ကမ်းပါးပြိုကျ၍ လူငါးဦး ပိတ်မိနေဆဲ

ဖားကန့် လုံးခင်းလုပ်ကွက်အတွင်း ကျောက်ကမ်းပါးပြိုကျ၍ လူငါးဦး ပိတ်မိနေဆဲ
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က မြေစာပုံ ပြိုကျမှုကို ကယ်ဆယ်နေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ရန်ကုန် ၊ ဇူလိုင် ၁၄ ။                ။ ကချင်ပြည်နယ် ဖားကန့်၌ ယမန်နေ့က ကျောက်ကမ်းပါး ပြိုကျသောကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၅ ဦး မြေစာများနှင့်ပိတ်မိနေပြီး သေဆုံးသည်ဟု ယူဆရကြောင်း ဖားကန့် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဆိုသည်။

"မြေစာဖို့တယ်ပေါ့နော်။ အဲ့လိုမြေစာဖို့တယ်ဆိုရင် ဒီမှာတော့ သေသွားတဲ့အနေအထားပါ။ သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥက္ကဋ္ဌ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒု အုပ်ချုပ်ရေးမှူးက ငါးဦး မြေစာဖို့ခံရတယ်လို့ပြောတယ်" ဟု ဖားကန့် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာ ရှိ နယူးရတနာဦး ကုမ္ပဏီ လုပ်ကွက်အတွင်း၌ အမြင့်ပေ ၃၀၀နှင့် အကျယ် ၁၀၀ပေ ပတ်လည်ခန့်ရှိ   ကျောက်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၅ဦး ကျင်းအတွင်းရှိ ရေထဲတွင် မြေစာများနှင့်အတူနစ်မြှုပ်နေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း မြေစာပုံပြိကျမှုများသည် မကြာခဏ ဖြစ်ပွားတတ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလက လူပေါင်း ၁၀၀ ကျော် မြေပြိုရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly