တိုင်းလွှတ်တော်တည်ဆောက်ရေးတွင် အရည်အသွေးညံ့အုတ်များ သုံးစွဲခဲ့ကြောင်း တွေ့ရှိ

တိုင်းလွှတ်တော်တည်ဆောက်ရေးတွင် အရည်အသွေးညံ့အုတ်များ သုံးစွဲခဲ့ကြောင်း တွေ့ရှိ

ပုသိမ်၊ ဇူလိုင် ၁၃ ။            ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးတွင် ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ပြုလုပ်သည့် လုပ်ငန်းသုံးခုတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတွင် အုတ်အရည်အသွေးများ ညံ့မှုများ စစ်ဆေးတွေ့ရှိရကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးစံမင်းအောင်က မဇ္ဈိမ သို့ ပြောသည်။

ဆောက်လုပ်မှု ၂၅ ရာခိုင်နှုန်းပြီးစီးချိန်တွင် လွှတ်တော်အရည်အသွေးစိစစ်ရေးကော်မတီဖွဲ့က ကွင်းဆင်းစစ်ဆေးရာတွင် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

"လုပ်ငန်းကြီးသုံးခုကို လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းလုပ်ငန်း၊ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းနှင့် မြေသားပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့တယ် ။ အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ဘတ်ဂျက်နှစ်ကုန်ဆုံးတဲ့ အချိန်အထိ လျှပ်စစ်လုပ်ငန်းက အထူးပြောစရာမရှိဘဲ အဆင်ပြေချောမောစွာနဲ့ ပြီးတယ်၊ခြံစည်းရိုးလုပ်ငန်းနဲ့ပတ်သက်ပြီး တင်ဒါစခေါ်တဲ့အချိန်မှာ မြေပြင်တန်ဖိုးအတိုင်း ရှင်း ၊လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အုတ်အရည်အသွေး ညံ့ဖျင်းတာတော့ တွေ့ရတယ်။ ၂၅ ရာနှုန်းပြီးစီးတဲ့အခါမှာ  လွှတ်တော်အရည်အသွေးစိစစ်ရေးကော်မတီဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့တယ်။ အုတ်တွေက အရည်အသွေးညံ့တယ်လို့ သတ်မှတ်တဲ့ ကာရံထားတဲ့ ဆည်တစ်ကန်ကိုပြန်ဖြိုပြီး တည်ဆောက်ပြီးသားတွေ ဈေးနှုန်းလျော့ချခဲ့တယ် ။ အုတ်အညံကို သုံးလို့ ဈေးအနိမ့်ဆုံး ပေးပြီး အုတ်အကောင်းကိုပြန်သုံးတဲ့ အရည်အတွက်ကို အုတ်အကောင်း ဈေးနှုန်း အတိုင်းပေးခဲ့ကြောင်း”ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

ထို့ကြောင့် ခြံစည်းရိုးကာရံထားသည်များ ပြန်လည်ဖြိုဖျက်ပြီး ပေ ၁၉၀ ကို ပြန်လည်သစ်ပြုလုပ်ပေးရင် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီမှ ပေပေါင်း ၁၉၀ခန့်  ပြန်ဖြိုဖျက်ပြီး အသစ်ပြန်လုပ်ပေးရန် သဘောတူထားပြီး သူတို့လည်းဆက်လုပ်ဖို့အသင့်ဖြစ်နေပြီး လွှတ်တော်ရေးရာကော်မတီနှစ်ရပ်နှင့် ဦးစီးကော်မတီပါ အတည်ပြုပြီးဖြစ်ကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် “၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်လုပ်ပိုင်ခွင့်ရထားတာ ဝန်ထမ်းအိမ်ရာ ဒုတိယညွန်ကြားရေးမှူး ချုပ်တွေ ၊ ညွန်ကြားရေးမှူးတွေ၊ လက်ထောက်ညွန်ကြားရေးမှူး၊ ဦးစီးအရာရှိတွေ   နေဖို့အတွက် နေအိမ်သုံးလုံး ဆောက်လုပ်ခွင့်ရထားတယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေ တည်းဖို့ တည်းခိုဆောင်တစ်ခု ရထားပါတယ်”ဟု တည်ဆောက်ရေးလုပ်ငန်းများအား လွှတ်တော်ဒုဥက္ကဋ္ဌက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာသုံးလုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုဆောင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက် ၁.၃ ဘီလီယံရရှိထားပြီး၊၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၂.၈ ဘီလီယံရရှိထားပြီး၊ ကျပ်သိန်း ၄၆၀၀ ကျော်သာ သုံးစွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly