ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ အစိုရထံ တပ်မတော် တိုင်ကြား

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ အစိုရထံ တပ်မတော် တိုင်ကြား

ရန်ကုန် ဇူလိုင် ၁၁ ။          ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို လိုအပ်သလိုအရေးယူဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရထံတင်ပြထားကြောင်း တပ်မတော်က ဇူလိုင် ၁၁ရက် ညက သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇူလိုင် ၉ရက်က USAID နှင့် FHI 360 တို့ ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ထားသော အင်္ဂါစဉ်အရ တပ်မတော်ကာကွယ်ရေးဦးချုပ်သည် တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးတို့၏ အထက် နံပါတ်စဉ် (၈) တွင် တည်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly