ဧရာဝတီတိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုများလာ

ဧရာဝတီတိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုများလာ

ပုသိမ်၊ ဇူလိုင် ၁၀ ။        ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇ခုနှစ် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုများလာပြီး ကလေး ၂၀ အထိ သေဆုံးခဲ့ကာ  ဝါးခယ်မမြို့နယ်မှ အများဆုံးဖြစ်သည်။

"ကလေးတွေအတွက် ပူမနေနဲ့ ။ လူကြီးတွေအတွက် ပူရမယ်။ လူကြီးတွေအတွက်မှာ ဖြစ်လာပြီ။  ကိုယ့်အတွက်ကို ကာကွယ်ရမယ် ။ ဒါကြောင့် ဒီရောဂါကိုပိုပြီးဂရုစိုက်ရမယ်၊ကိုယ်ရွာကို ပိုးလောက်လန်း မရှိအောင် ပိုလုပ်ပါ။  ကိုယ့်ကလေးတွေချစ်တယ်ဆိုရင် တခြားနည်းနဲ့ သက်သေမပြနဲ့။ ပိုးလောက်လန်းမရှိအောင် လုပ်တဲ့နည်းနဲ့သက်သေပြပါ၊အဖြစ်အများဆုံးက ဟင်္သာတ၊ မအူပင်နှင့်ပုသိမ်ဖြစ်ပြီး၊   သေဆုံးမှုအများဆုံးက ဝါးခယ်မမြို့နယ်”ဖြစ်ကြောင်း ပြည်သူကျန်းမာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမြတ်မင်းထွန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ယခုနှစ်တွင် သွေးလွန်တုပ်ကွေးကြောင့် လူ ၁၆၀၀ကျော် ဖြစ်ပွားပြီး၊ ကလေးငယ်၂၀ ဦး သေဆုံးကြောင်း သိရှိရသည်။

“ရာသီဥတု အခြေအနေက ပူလိုက်မိုးရွာလိုက်ဆိုတော့ ခြင်ပေါက်ဖွားနှုန်းများတဲ့ ခြင်က ဗိုင်းရပ်စ် သယ်ဆောင်နှုန်း အရမ်းမြန်တယ်။ ခြင် အသက်ပိုရှည်သွားတယ်၊ပ ဲခူးတိုင်းမှာတော့ မိုးက ဆက်တိုက်ရွာနေတယ်၊ အပူချိန်ကျသွားတဲ့ သက်တမ်းပြန်တိုသွားတယ် ” ဟု လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမြတ်မင်းထွန်းက ပြောသည်။၊

သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းမှာလူ  ၁၆၇၉ယောက်တွင် ဖြစ်ပွားပြီး၊နှစ်ဆယ်သေဆုံးခဲ့ကာ ဧရာဝတီတွင် ကျေးရွာများတွင် အဖြစ်များသည်။

"ဒီနှစ်မှာ ဖြစ်ပွားမှုနှုန်းပြန်တက်လာတဲ့၊အဖြစ်အများဆုံး ဟင်္သာတမြို့နယ်မှာ ဖြစ်တယ်။ အဲဒီကို တိုင်း ခရိုင်မြို့နယ်ဆင်းသွား ကာကွယ်ရေးတွေနှိမ်နင်းရေးတွေလုပ်နေတဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်”ဟု ဒေါက်တာမြတ်မင်းထွန်းက ပြောသည်။

၂၀၁၅ ခုနှစ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေး ၆၄၂၃ယောက် ဆေးကုသမှု ခံယူရပြီး၊၂၀၁၆ ခုနှစ်တွင် ၈၄၃ယောက်ဖြစ်ပွားခဲ့သည်။

သွေးလွန်တုပ်ကွေး တစ်နိုင်ငံလုံးတွင်ဖြစ်ပွားပြီး အဖြစ်အများဆုံးမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များခဲ့ပြီး ၂၀၁၅ခုနှစ်တွင် အများဆုံး ဖြစ်ပွားခဲ့သည်။ ၂၀၀၉ခုနှစ်တွင် လူ ငါးဆယ်ဝန်ကျင် သေဆုံးခဲ့ကာ ယခုနှစ်တွင် ကလေးငယ်နှစ်ဆယ် အထိ သေဆုံးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly