၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တ.က.သ တိုက်တွန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တ.က.သ တိုက်တွန်း
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ ဇူလှိုင် ၇ ။             ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် (သို့မဟုတ်) ဖျက်သိမ်းပေးရန် ၅၅ နှစ်မြောက် 7 July နှစ်ပတ်လည်အခမ်းအနားတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ) များမှ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

"ကျွန်တော်တို့အားလုံး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အခြေခံဥပဒေကို မေ့မနေကြဖို့ 7 July စိတ်ဓာတ်ကိုအခြေခံပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပက်သက် ပြီးတော့လည်း တစ်ခုခုလုပ်ကြဖို့ အမြဲ သတိရကြဖို့ တိုက်တွန်းပါတယ်" ဟု  ရန်ကုန်စီးပွားရေးတက္ကသိုလ် ဥက္ကဌ မင်းသူကျော်ကပြောသည်။

ဇူလိုင်လ ၇ ရက်တွင် ကျရောက်သည့် ၅၅ နှစ်မြောက် 7 July နှစ်ပတ်လည်အခမ်းအနားတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အင်းလျားကန်မှ ရန်ကုန်တက္ကသိုလ်ရှိ သမဂ္ဂမြက်ခင်းပြင်ထိ တ.က.သ အဖွဲ့ဝင် ၅၀ ကျော်လောက်က ဆိုင်းဘုတ်များနှင့် နှင်းဆီပန်းများကိုင်ဆောင် လမ်းလျှောက်ခဲ့ကြသည်။

၅၅ နှစ်မြောက် 7 July နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ လှိုင်သာယာနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ တို့မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ တတ်ရောက်ခဲ့သည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ရန်ကုန်တက္ကသိုလ်မြေရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံဖြိုချခံခဲ့ရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly