ဂီတပွဲတော်များတွင် အမျိုးသမီးအဆိုတော်များ ပါ၀င်မှုနည်းပါးသည့်အပေါ် အယ်လီဂူးလ်ဒင်းဝေဖန်

ဂီတပွဲတော်များတွင် အမျိုးသမီးအဆိုတော်များ ပါ၀င်မှုနည်းပါးသည့်အပေါ် အယ်လီဂူးလ်ဒင်းဝေဖန်

နာမည်ကျော်အဆိုတော် အယ်လီဂူးလ်ဒင်းသည် ဂီတပွဲတော်များ၌ အမျိုးသမီးအဆိုတော်များ ပါဝင်ဖျော်ဖြေမှု နည်းပါးသည့်အပေါ် ပြောဆိုဝေဖန်ခဲ့သည်။

အယ်လီဂူးလ်ဒင်းက ဂီတပွဲတော်များ၌ ဖျော်ဖြေမည့်အဆိုတော်များ စာရင်းတွင် အမျိုးသမီးအဆိုတော်အများ အပြားကို မြင်တွေ့ရလေ့မရှိကြောင်းနှင့် သူမအနေဖြင့် ဂီတပွဲတော်များတွင် ဦးဆောင်ဖျော်ဖြေရသည်ကို ဂုဏ်ယူကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

သူမက “ တစ်ခါတစ်လေကျရင် ကျွန်မကိုယ်ကျွန်မ အမှတ်တွေပေးမိပါတယ်။ ဘာလို့လဲဆိုတော့ ဂီတပွဲတော်တွေ မှာ ကျွန်မတောက်လျှောက် ပါဝင်ဖျော်ဖြေခဲ့တာ အခုဆိုရင် ၇နှစ်တောင်ကျော်ပါပြီ။ ဒါပေမယ့် အဲ့ဒီ့ဂီတပွဲတော် တွေမှာ အမျိုးသမီးအဆိုရှင်တွေ အများကြီးကို ကျွန်မ မတွေ့ဖူးပါဘူး” ဟု တွစ်တာတွင် ရေးသားခဲ့သည်။

လေ့လာမှုများအရ လွန်ခဲ့သော ၁၀နှစ်ကျော်အတွင်း၌ ပြုလုပ်ခဲ့သော ဂီတပွဲတော်များကို စာရင်းပြုစုရာတွင် ထိုပွဲများ၌ အမျိုးသားအဆိုတော်များကသာ လွှမ်းမိုးထားကြောင်းကို တွေ့ရှိရသည်။

ဂီတပွဲတော်များ၌ ဦးဆောင်ဖျော်ဖြေသည့် အကြိမ်ရေ ၆၆၀ တွင် အမျိုးသမီးအဆိုရှင်များ ဦးဆောင်သည့် အကြိမ်ရေမှာ ၃၇ ကြိမ်ခန့်သာ ရှိကြောင်းကိုလည်း နည်းပါးစွာတွေ့မြင်ရသည်။

ယခုလိုဝေဖန်မှုမျိုးသည် အယ်လီဂူးလ်ဒင်း၏ ပထမဦးဆုံးအကြိမ် ဝေဖန်မှုမဟုတ်ပဲ လွန်ခဲ့သော ၂၀၁၅ခုနှစ် ကလည်း Glastonbury ဂီတပွဲတော်၌ အမျိုးသမီးအဆိုတော်များ နည်းပါးမှုအတွက် ပွဲစီစဉ်သူများကို သူမက ပြင်းထန်စွာ ဝေဖန်ခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly