ဇွန်လ ၃၀ရက်နေ့တွင် တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ AOA မှအဖွဲ့ဝင်ဖြစ်သူ Choa သည် သက်ဆိုင်ရာ အေဂျင်စီနှင့် ဆွေးနွေးမှုအပြီးတွင် အဖွဲ့မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
FNC Entertainment ကလည်း သူမထွက်ခွာတော့မည်ဆိုသော သတင်းကိုအတည်ြ့ပုခဲ့ပြီး တရားဝင်ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ အေဂျင်စီ၏ ကြေညာချက်ထဲတွင် “ ကျနော်တို့ဟာ Choa ရဲ့ ဆုံးဖြတ်ချက်ကို လေးစား ရမှာဖြစ်တာကြောင့် သူမကို AOA မှ ထွက်ခွာခွင့်ပေးခဲ့ပါတယ်” ဟု ဖော်ပြထားသည်။
ဆက်လက်ပြီး အေဂျင်စီက “ AOA အဖွဲ့ဝင်များဟာ နယ်ပယ်အသီးသီးမှာ အနုပညာလုပ်ငန်းများကို တစ်ဦးချင်း စီ လုပ်ဆောင်သွားကြမှာဖြစ်ပြီး ထောက်ခံအားပေးကြဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
Choa သည် လွန်ခဲ့သော ဇွန်လ ၂၂ရက်နေ့က သူမသည် AOA အဖွဲ့မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ပရိသတ် များကို အသိပေးခဲ့ဖူးသည်။ သို့သော်လည်း FNC အေဂျင်စီက ထိုသတင်းကိုငြင်းဆိုခဲ့ပြီး မည်သည့်ဆုံးဖြတ် ချက်မှ မချရသေးကြောင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောခဲ့သည်။ ဒါ့အပြင် Choa ကလည်း သူမအဖွဲ့မှ ထွက်ခွာတော့မည့် အကြောင်းရင်းမှာ အချစ်ရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စများကြောင့် ဖြစ်သည်ဆို သော သတင်းများကို ငြင်းဆန်ခဲ့သည်။
Ref: Soompi