နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မသန်စွမ်းကျောင်းသူအား ရွေးချယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မသန်စွမ်းကျောင်းသူအား ရွေးချယ်
Photo-Myanmar State Counsellor Office

ဇွန်လ ၂၉၊ ရန်ကုန် ။           ။ ဇွန်လ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဒသမတန်း အောင်မြင်ခဲ့သည့် မသန်စွမ်း မထူးထူးမွန်ကို ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။

မထူးထူးမွန်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး မွေးဖွားစဉ်ကာလကတည်းက ညာဖက်လက်တွင် လက်ချောင်းများမပါရှိခြင်း၊ ဘယ်ဘက်လက်သည် တံတောင်ဆစ်အထိသာ ပါခြင်း၊ ခြေထောက်နှစ်ဖက်သည်လည်း ဒူးဆစ်အထိသာ ပါရှိပြီး မသန်စွမ်းတစ်ဦး အဖြစ် မွေးဖွားခဲ့သူ ဖြစ်သည်။

မိဘများသည် တောင်သူများသာဖြစ်ပြီး သတ္တမတန်းအထိသာ ကျောင်းထားနိုင်ခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာများမှ အလှူရှင်များ၏ အကူအညီဖြင့် အဋ္ဌမတန်းမှ ဒသမတန်းထိ တက်ရောက်နိုင်ခဲ့သည်။

၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစတင်ဖြေဆိုခဲ့သော်လည်း မအောင်မြင်သဖြင့် ထပ်မံကြိုးစားခဲ့ရာ ယခုနှစ်တွင်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly