BET မှ ချီးမြှင့်သည့် လူသားချင်းစာနာမှုဆိုင်ရာဆုကို အဆိုတော် Chance the Rapper ဆွတ်ခူး

BET မှ ချီးမြှင့်သည့် လူသားချင်းစာနာမှုဆိုင်ရာဆုကို အဆိုတော် Chance the Rapper ဆွတ်ခူး

လူငယ်ရက်ပ်အဆိုတော် Chance the Rapper သည် ချီကာဂိုမှ အစိုးရကျောင်းအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂သန်းခန့် ရှာဖွေပေးနိုင်ခဲ့သော သူ၏စွမ်းဆောင်မှုကြောင့် BET ရုပ်သံလိုင်းမှ ချီးမြှင့်သော ဆုပေးပွဲ၌ လူသားချင်းစာနာမှုဆိုင်ရာဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

အမေရိကန်၌ ဇွန်လ ၂၅ရက်နေ့က ကျင်းပခဲ့သော BET ဆုပေးပွဲတွင် သမ္မတဟောင်းကတော်ဖြစ်သူ မစ်ရှဲလ် အိုဘားမားက Chance the Rapper ကို ဗွီဒီယိုသတင်းစကားတစ်ခုဖြင့် ဂုဏ်ပြုခဲ့ပြီး သူမနှင့် ဘားရက်အိုဘား မားတို့သည် Chance ကို ကလေးရက်ပ်အဆိုတော်ဘဝကတည်းက သိထားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

“Chance ဟာ ကျမတို့ဆီက လူငယ်တွေကို ဘယ်အရာကတကယ် အရေးပါသလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။ သူ့ကြောင့် မရေတွက်နိုင်တဲ့ လူငယ်အများအပြားဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာကြမှာပါ” ဟု မစ်ရှဲလ်က ပြောခဲ့သည်။

အသက် ၂၄နှစ်အရွယ် Chance သည် အဆိုပါလူသားချင်းစာနာမှုဆိုင်ရာဆုကို ဆွတ်ခူးသည့် အသက်အငယ် ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။

“ကျနော် မိန့်ခွန်းပြောဖို့ ဘာမှမပြင်ဆင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ ရင်ထဲကလာတဲ့ စကားလုံးတွေ ကိုပဲ ပြောချင်လို့ပါ။ ကျနော်အသက် ၂၄ နှစ်ရှိပါပြီ။ ဒီအသက်အရွယ်နဲ့ ဒီလိုဆုမျိုးကို ဆွတ်ခူးနိုင်တဲ့အတွက် တကယ့်ကို ဝမ်းသာပါတယ်” ဟု Chance က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုဆုပေးပွဲတွင် Chance သည် လူသားချင်းစာနာမှုဆိုင်ရာဆုကိုသာမက အကောင်းဆုံး မျက်နှာသစ်အနုပညာ ရှင်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly