ဇွန်လကုန်တွင် ရုံတင်ပြသတော့မည့် ကပ္ပိယ ရုပ်ရှင်ဇာတ်ကားကြီး

ဇွန်လကုန်တွင် ရုံတင်ပြသတော့မည့် ကပ္ပိယ ရုပ်ရှင်ဇာတ်ကားကြီး

ရန်ကုန် ၊ ဇွန် ၂၄ ။                  ။ စာရေးဆရာမ ခင်ခင်ထူး ၏ ဝတ္ထုကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) မှ ရိုက်ကူး ပုံဖော်ထားသည့် ကပ္ပိယ ရုပ်ရှင် ဇာတ်ကားကြီးကို ဇွန်လ ၃၀ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင် ပြသတော့မည် ဖြစ် သည်။

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူး ပုံဖော်ထားသည့် ကပ္ပိယ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို ဇွန်လ ၂၄ရက်တွင် သမ္မတ ရုပ်ရှင်ရုံ၌  ပြုလုပ်ခဲ့ပြီး ထုတ်လုပ်ရေး ၊ သရုပ်ဆောင်များနှင့် စာနယ်ဇင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။

ကပ္ပိယ ရုပ်ရှင် ဇာတ်ကားကြီးကို ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဝတ္ထု ခင်ခင်ထူး ၊ ဇာတ်ညွှန်း နေစိုးသော် ၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး သရုပ်ဆောင်များ အဖြစ် ပြေတီဦး ၊ ကောင်းပြည့် ၊ ဖွေးဖွေး တို့အပြင် တခြား သရုပ်ဆောင်များစွာလည်း ပါဝင် သရုပ်ဆောင်ထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကားတွင် ကပ္ပိယတွေ၏ ရိုးသားဖြူစင်မှု ၊ အကျင့်သီလကောင်းမွန်မှု ၊  အများအကျိုး သယ်ပိုးပုံတွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြသထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်သလို တောရွာ ဓလေ့ကို အခြေခံသည့် ရသစုံ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။

ကပ္ပိယကြီး စံလှဘော် အဖြစ် ပြေတီဦး မှ သရုပ်ဆောင်ထားကာ မြချစ်လေး အဖြစ် ဖွေးဖွေးမှ သရုပ်ဆောင် ထားပြီး ကျေးလက်မိသားစုလူနေမှုသဘာဝ ဘဝနှင့်သိက္ခာ ၊ ချစ်ခြင်းမေတ္တာ ၏ အတိမ်အနက် သံယောဇဉ် တို့ကို မြင်တွေ့ရမည် ဖြစ်သည်။

ဒါရိုက်တာ ကိုဇော် ( အရုဏ်ဦး ) ၏ လက်ရာ " ကပ္ပိယ " ရုပ်ရှင်ဇာတ်ကားကြီး ကို ဇွန်လ ( ၃၀ ) မှ စတင်ပြီး မြန်မာတစ်ပြည်လုံးတွင် ရုံတင် ပြသတော့မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly