မစ္စမြန်မာအင်တာနေရှင်နယ် ဆန်ခါတင် အလှမယ်များအတွက် SMS မဲပေးမှု မကြာမီ စတင်မည်

မစ္စမြန်မာအင်တာနေရှင်နယ် ဆန်ခါတင် အလှမယ်များအတွက် SMS မဲပေးမှု မကြာမီ စတင်မည်

ရန်ကုန် ၊ ဇွန် ၂၂ ။           ။ ဆန်ခါတင် အလှမယ်များ ရွေးချယ်ထားပြီးဖြစ်သော Miss Myanmar International 2017 ပြိုင်ပွဲတွင် ပရိသတ်များက ဆုများထဲမှ First Love Of MMI ဆုအတွက် မိုဘိုင်းဖုန်းမှ SMS မဲပေးမှုများ မကြာမီ စတင်ပေးနိုင်တော့မည် ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ လျှောက်လွှာတင်ကြသူများထဲမှ ဆန်ခါတင် အလှမယ် အယောက် ၃၀ ကို ရွေးချယ်ခဲ့ပြီး ဖြစ်သလို  ထိုအယောက် ၃၀ဦးထဲမှ ၂ ဦး သည် ကျန်းမာရေး အခြေအနေကြောင့် ဆက်လက်ယှဉ်ပြိုင်နိင်ခြင်း မရှိသဖြင့် စုစုပေါင်း ပြိုင်ပွဲတွင် (၂၈) ဦး ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါ ဆုအပါအဝင် မစ္စမြန်မာအင်တာနေရှင်နယ် ၂၀၁၇ ဆန်ခါတင် အလှမယ်များသည် ဇွန်လ ၂၄ရက်မှ စတင်ပြီး ပြိုင်ပွဲအတွက် သင်ကြားမှုမျိုးစုံ၊ Activity မျိုးစုံကို လုပ်ဆောင်ကြရမည်ဖြစ်သည်။

ထို့ပြင်  ပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ်များကို လေ့ကျင့်ရေးကာလအတွင်း ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ၊ ဝတ်မှုံရွှေရည် ၊ တင်မိုးလွင် ၊ မစ္စမြန်မာအင်တာနေရှင်နယ် ၂၀၁၅ဆုရှင် အမရာငြိမ်း ၊ မစ္စယူနီဗာ့စ်မြန်မာ ၂၀၁၃ ဆုရှင် မိုးစက်ဝိုင်တို့အပြင် တခြား ထရိန်နာများကလည်း လေ့ကျင့် သင်ကြားမှုတွေ ပြုလုပ်ပေးမည်ဖြစ်သည်။

Miss Myanmar International 2017 အလှမယ် ပြိုင်ပွဲကြီးကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး Winner ဆုမှာ သရဖူ နှင့် ဆုငွေကျပ် သိန်း ၁၀၀  ရရှိမည့် အပြင် ဂျပန် နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss International Beauty Pageant 2017 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။ 1 st Runner Up၊ 2nd Runner Up ဆုများအပြင် First Love Of MMI ဆုကိုလည်း ပေးအပ်မည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲဝင် အလှမယ်လေးများ၏ ပြိုင်ပွဲဝင်စဉ် ကာလမှ လှုပ်ရှားမှု ပုံရိပ်များကို Reality Show အဖြစ် mntv ချန်နယ်တွင် ဇွန်လ၂၅ ရက် မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly