အမေရိကန်မင်းသမီး လင်ဆေးလိုဟန်သည် Sky ရုပ်သံလိုင်းမှ ထုတ်လွှင့်မည့် ဟာသရုပ်သံဇာတ်လမ်းတွဲ Sick Note တွင် ရူးပတ်ဂရင့်၊ နစ်ခ်ဖရော့စ်၊ ဒွန်ဂျွန်ဆန်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်တော့မည်ဖြစ်သည်။
ဟာသဇာတ်ကား The Mean Girls တွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော လင်ဆေးလိုဟန်သည် လာမည့်ဆောင်း ဦးရာသီတွင် စတင်ထုတ်လွှင့်မည့် Sick Note ၏ ဒုတိယမြောက်ဇာတ်လမ်းတွဲတွင် စတင်သရုပ်ဆောင်မည်ဖြစ် သည်။
အဆိုပါဇာတ်လမ်းတွဲတွင် ရူးပတ်ဂရင့်သည် အာမခံကုမ္ပဏီမှ ဒန်နီရယ်ဂလက်စ်ဆိုသော ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး သူ့ကိုယ်သူ ရောဂါကျွမ်းနေသော လူနာတစ်ဦးဟု ထင်မြင်နေသူအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ ဒွန်ဂျွန်ဆန်သည် ဂလက်စ်၏ သူဌေးဖြစ်ပြီး လင်ဆေးလိုဟန်က သူဌေးသမီး ကတ်သရင်းဝတ်စ်အဖြစ် သရုပ် ဆောင်မည်ဖြစ်သည်။
Sky ရုပ်သံလိုင်းမှ ဟာဒယအစီအစဉ်၏ အကြီးအကဲဖြစ်သူ ဂျွန်မော့င့်တေ့ဂျ်က “ ဒီဇာတ်လမ်းကို ကြည့်ရှုသူ တွေဟာ ထိုင်ခုံပေါ်ကနေ ပြုတ်ကျနိုင်တဲ့အထိကို ရယ်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဒုတိယမြောက်တစ်ခု ကိုတော့ ရိုက်ကူးတော့မှာဖြစ်ပြီး လင်ဆေးလိုဟန်ဟာ ရူးပတ်ဂရင့်နဲ့အတူ ပါဝင်သရုပ်ဆောင်မယ်ဆိုတာ အတည်ပြုပါတယ်” ဟု ပြောခဲ့သည်။
Ref: BBC