ပျက်ကျလေယာဉ်မှ ဆယ်ယူရရှိသည့် ရုပ်အလောင်း ၁၃ လောင်း သဂြိုလ်

ပျက်ကျလေယာဉ်မှ ဆယ်ယူရရှိသည့် ရုပ်အလောင်း ၁၃ လောင်း သဂြိုလ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ဇွန် ၁၃ ။          ။ တပ်မတော် ပျက်ကျလေယာဉ်မှ အမျိုးအမည်ထပ်မံခွဲခြားရရှိသည့် ရုပ်အလောင်း ၁၃ လောင်းကို ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ သံဝေဂလမ်း သချီုၤင်း၌ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ထပ်မံ သဂြိုလ်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယခုလက်ရှိအချိန်အထိ အမျိုးသားရုပ်အလောင်း ၂၄ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀၊ ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၄၈ လောင်းကို ရုပ်အမျိုးအမည်ခွဲခြားပြီး သဂြိုလ်ပေးခဲ့ပြီးဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် တပ်မတော်ပျက်ကျလေယာဉ်မှ စုစုပေါင်း ၈၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်၍ သုံးပုံနှစ်ပုံခန့် ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

တပ်မတော် မိသားစုဝင်များ စုစုပေါင် ၁၂၂ ဦးလိုက်ပါလာသည့် တပ်မတော် ပို့ဆောင်ရေးလေယာဉ် သည် ပြီးခဲ့သည့် ဇွန်လ ၇ရက်နေ့က ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျခဲ့သည့် နေရာအနီးတစ်ဝိုက်၌ တပ်မတော်(ရေ)မှစစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ၊ တပ်မတော်(လေ)မှ လေယာဉ်၊ရဟတ်ယာဉ်များ ၊ ဒေသခံ ငါးဖမ်းစက်လှေများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေသည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။ လက်ရှိအချိန်ထိ အဆိုပါ လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly