မီးလင်းရွှေအခွန် ၅ ရာခိိုင်နှုန်း ကောက်ယူရင် ၀ယ်ယူသူတွေ နစ်နာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များပြော

မီးလင်းရွှေအခွန် ၅ ရာခိိုင်နှုန်း ကောက်ယူရင် ၀ယ်ယူသူတွေ နစ်နာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များပြော

ဧပြီလ ၁ ရက်နေ့ကနေစပြီး ရွှေဝယ်ယူသူတွေဘက်က တန်ဘိုးရဲ့ ၁ ရာခိုင် နှုန်း ကို ပေးဆောင်ဖို့ မြန်မာနိုင်ငံအခွန်အကောက်ဥပဒေက သတ်မှတ်ထားပြီး ဖြစ်သလို တစ်ဆက်ထဲမှာလည်း   ရွှေထည်ပြုလုပ်ရာမှာ အသုံးပြုတဲ့ မီးလင်းရွှေ ခေါ် ရွှေတုံးတွေအပေါ်မှာ လုပ်ငန်းရှင်တွေဆီကနေ အခွန် ၅ ရာခိုင်နှုန်း ကောက်ခံသွားဖို့လည်း ရှိနေပါတယ်။

မီးလင်းရွှေအခွန် ၅ ရာခိုင်နှုန်းဟာ လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေနိုင်တာမျိုးရှိနိုင်တယ်လို့ ရန်ကုန်ုတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဖြစ်သူ ဦးကျော်ဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက "မကောက်ပါနဲ့၊ ကောက်လို့ အခက်အခဲရှိလည်း တစ်ကျပ်သားရောင်းတဲ့အခါမှာ နှစ်ရာသုံးရာ ငါးရာလောက်ပဲ ကွာတဲ့အတွက်ကြောင့် ဒီအပေါ်မှာပဲ ကောက်ပါ။ အဲလိုတော့ တင်ပြထားတာရှိတယ်။ ဒီရွှေထည် လက်ဝတ်ရတနာတွေလဲ ၅% နှုန်းကများတယ် ၁% နှုန်းတောင် မမြတ်တဲ့ပစ္စည်းရှိတဲ့အတွက်ကြောင့် တကယ်လို့များရွှေထည် လက်ဝတ်ရတနာတွေ ကောက်ရင် ၁% နှုန်းအောက်ပဲ ကောက်ပေးပါဆိုပြီးတော့ .." လို့ ပြောပါတယ်။

ယခင်က မီးလင်းရွှေနဲ့ ရတနာအထည်အပေါ်မှာ အခွန် ၅ ရာခိုင်နှုန်းစီ ပေးဆောင်ခဲ့ရဖူးပေမယ့် လုပ်ငန်းရှင်တွေဘက်က အဆင်မပြေတာကြောင့် အချောထည်ရောင်းချမှုအပေါ်မှာပဲ အခွန် ၅ ရာခိုင်နှုန်းပဲ ပေးဆောင်ရတော့တာပါ။

ဒါကြောင့် ရွှေလုပ်ငန်းရှင် အစုအဖွဲ့များအနေနဲ့ ဒါကို ပြန်လည်သုံးသပ်ပေးဖို့ ပြည်တွင်းအခွန်များဦးစီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။

"အရင်တုန်းကလည်းပဲ မီးလင်းရွှေရော။ အထည်တွေရောကို ၅% အခွန်ကောက်ခံထားပါတယ်။ နောက်ပိုင်းဦးတို့ ပြောတဲ့အခါကြတော့ မီးလင်းရွှေကို ၀ % သုည ရာခိုင်နှုန်းကောက်ပြီးတော့မှ ဦးတို့ လက်ဝတ်လက်စားပေါ့နော်။ အထည်တွေပေါ်မှာတော့ ၅% ကောက်ပါတယ်။ ဒါပေမယ့် ဒီဟာကလည်း စားရင်းဇယား အတိအကျနဲတော့ မဟုတ်ဘူးပေါ့။ စာရင်းဇယားအတိအကျမဟုတ်တဲ့အခါကြတော့ ဆိုင်သမားကလည်း ခန့်မှန်းချေနဲ့ဆောင်တယ်။ အမြတ်ခွန်ကိုလည်း ခန့်မှန်းခြေနဲ့ပဲဆောင်ကြတယ်။ စီမံခန့်ခွဲတဲ့အခါကြတော့ ဆိုင်သမားအတွက်ရော နိုင်ငံတော်အတွက်ရော သူဟာနဲသူတော့ အဆင်ပြေပါတယ်။" လို့ မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီလီတက် ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြိုင်ကပြောပါတယ်။

အခုလို မီးလင်းရွှေအပေါ်မှာ လုပ်ငန်းရှင်တွေ ထမ်းဆောင်ဖို့ရှိနေတဲ့ အခွန် ၅ ရာခိုင်နှုန်းကြောင့် ဝယ်ယူသူတွေဘက်ကို ကြည့်ရင်လည်း နစ်နာမှုတွေ ရှိနိုင်တယ်လို့ ရွှေလုပ်ငန်းရှင် ဦးအုန်းမြိုင်က တွက်ချက်ပြထားပါတယ်။

ဦးအုန်းမြိုင်က "ရွှေတစ်ကျပ်သားကို လက်ရှိပေါက်ဈေး အနေနဲ့ ၉ သိန်းပေါ့။ ၁၅ ပဲရည်ဆိုရင် ထားပါတော့..ရှစ်သိန်းသုံးသောင်းလေးသောင်းပေါ့ ဒီအပေါ်မှာလက်ခကို သူခါတိုင်းပေးရတာက တစ်ပဲပေးရတယ်ဆိုပါတော့ ဒီအချိန်မှာ ၁ပဲနဲ့ နှစ်ရွှေး ဖြစ်သွားမယ်။ သုံးရွေးဖြစ်သွားမယ်၊ အဲဒီပိုသွားတဲ့ ရာခိုင်နှုန်းအတွက်ကို ဒါတောင် ၁% နဲ တွက်တာပေါ့ တကယ်လို့များ မီးလင်းအကောက်ခွန်ကို   ရွှေဆိုင်သမားတစ်ယောက်က ၅% သူပေးလိုက်ရမယ် ဒီ၅% အပေါ်မှာမှ သူကလည်း ဒီ၅% ကိုစိုက်ဆောင်မှာမဟုတ်ဘူးလေ။ သူကတော့ အရှုံးထဲက ခံရောင်းမှာမဟုတ်ဘူး အဲအတွက်ကြောင့် ဒီအပေါ်မှာ၅% ဆောင်ထားတယ် ဒီ၅% နှုန်း ကလည်းပဲ ဝယ်သူအပေါ်မှာကိုပဲထပ်တင်မယ်" လို့ ရှင်းပြပါတယ်။

ဒါ့အပြင် မီးလင်းရွှေလိုရွှေတုံးတွေက ဆိုင်တွေမှာဘောင်ချာတွေနဲ့ ရောင်းချတာမျိုးမဟုတ်တာ ကြောင့် မှောင်ခိုဈေးကွက်တစ်ခုဖြစ်ပေါ်ပြီး အခွန်ငွေပါ ထိခိုက်လာနိုင်တယ်လို ပြောပြခဲ့ပါတယ်။

လက်ဝတ်ရတနာ ရွှေထည်တွေအပေါ်မှာ အခွန်ကောက်ခံမှုတွေ စတင်နေပေမဲ့လည်း ရွှေဝယ်ဘောင်ချာတွေမှာ အခွန်တံဆိပ်ခေါင်း ကပ်ပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။

၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်ကုန်ထိကို ရွှေလုပ်ငန်းရှင်အခွန်ထမ်းတွေအနေနဲ့ အခွန်ငွေကို ဝင်ငွေခွန်အနေနဲ့ ညှိနှိုင်းပြီး ထမ်းဆောင်ခဲ့တယ်လို ပြောပြကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly