ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့်လူ ၂၅၀၀၀ ခန့်ရေဘေးသင့်ကာ၊ လူ ၂၁ ဦး သေဆုံး

ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့်လူ ၂၅၀၀၀ ခန့်ရေဘေးသင့်ကာ၊ လူ ၂၁ ဦး သေဆုံး
မင်းပြား၌ ရေကြီးနေစဉ်။ photo - Natinjare

ရန်ကုန် သြဂုတ် ၁ ။        ။ ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၂၆ရက်မှ စ၍ မိုးရွာသွန်းမှုနှင့်တောင်ကျရေစီးဆင်းမှုများကြောင့်  ရေကြီးမှုဖြစ်ပွားကာ သြဂုတ်လ ၁ရက်အထိ ရေဘေးသင့်နေသူများမှာ ၂၅၀၀၀ ခန့်ရှိပြီး လူ ၂၁ သေဆုံးခဲ့သည်ဟု စစ်တွေမြို့ခံ ကိုမိုးဇော်မြင့် ထံမှ သိရသည်။
 
ကိုမိုးဇော်မြင့်က "ကျွန်တော်တို့ဆီ အခုထိ အစိုးရအကူအညီတွေ လာတယ်လို့တော့ ကြားမိတယ်။ တကယ်ဖြစ်တဲ့နေရာကို မရောက်လာသေးဘူး။ ဒေသမှာရှိတဲ့ အကူအညီပေးရေးအဖွဲ့တွေလည်း ကြာလာရင်တော့ မခံနိုင်တော့ဘူး၊” ဟု ဆိုသည်။     

ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော် ဒေသများသည် ရေကြီးမှုအဆိုးဆုံးဖြစ်နေပြီး ယင်းဒေသတွင် လူအများရေလွတ်ရာသို့ ထွက်ပြေးကာ မြောက်ဦးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားနှင့် စာသင်ကျောာင်းများတွင် ခိုလှုံနေရသည်ဟုလည်း ကိုမိုးဇော်မြင့်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly