ရန်ကုန်၊ မေ ၁၆ ။ ။ ပန်းချီဆရာမ မနန်း၏ ဒုတိယမြောက်တစ်ကိုယ်တော် ပန်းချီပြပွဲ (Tiger Nang) ကို နှစ်နေရာခွဲ၍ ပြသသွားမည်ဟု မေလ၁၅ရက်က The Yangon Gallery တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
တစ်ကိုယ်တော်မွေးနေ့ပန်းချီပြပွဲကို မေလ ၂၂ ရက်နှင့် ၂၃ ရက်တွင် The Yangon Gallery ၌ ပြသသွားမည်ဖြစ်သည်။
ယင်းအပြင် မနန်း၏ မွေးနေ့အလှူပန်းချီပြပွဲကို မေလ ၂၅ ရက်မှ ၂၈ ရက်အထိ နှင်းဆီမြိုင်ပြခန်း၌ ပြသသွားမည်ဟု သိရသည်။
အဆိုပါ ပြပွဲမှ ရောင်းရသည်များ၏ တစ်ဝက်ကို နှင်းဆီမြိုင်ဘိုးဘွားရိပ်သာ၌ လှူဒါန်းသွားမည်ဟု မနန်းက မီဒီယာများကို ပြောသည်။