၁၉၉၀ ခုနှစ်များက Children ဟုအမည်ရသော ပေါက်သီချင်းဖြင့် လူသိများခဲ့သူ ဒီဂျေပညာရှင် ရောဘတ်မိုင်းလ်သည် အသက် ၄၇ နှစ်အရွယ်၌ ကင်ဆာဝေဒနာကြောင့် မေလ ၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။
အီတလီဂီတပညာရှင်ဖြစ်သူ ရောဘတ်မိုင်းလ်သည် ၁၉၉၅ ခုနှစ်တွင် ထွက်ရှိခဲ့သော အဆိုပါပေါက်သီချင်းဖြင့် နိုင်ငံပေါင်း ၁၂ နိုင်ငံ၏ သီချင်းဇယားများတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့သလို ဗြိတိန်တွင်လည်း ၁၉၉၆ ခုနှစ်တွင် ဖြန့်ချီခဲ့ကာ ဇယား၌ နံပါတ် ၂ နေရာမှ ရပ်တည်နိုင်ခဲ့သည်။
မိုင်းလ်သည် အဆင့်လေး ကင်ဆာဝေဒနာကို သတ္တိရှိစွာ အံတုရင်း ကွယ်လွန်ခဲ့ကြောင်း သူ၏ ရေဒီယိုဌာန Openlab မှ အတည်ပြုခဲ့သည်။
ဂီတပညာရှင် ပီတီလောင်းက ဦးဆောင်၍ မိုင်းလ်အား ရည်စူးဂုဏ်ပြုခဲ့ကာ “ ရောဘတ်မိုင်းလ် ကွယ်လွန်သွား တဲ့ သတင်းကို ကြားရတာဝမ်းနည်းပါတယ်။ ဂီတအနုပညာအတွက် ကျေးဇူးတင်ပါတယ်။ ငြိမ်းချမ်းစွာ အိပ်စက် နိုင်စေသော်ဝ်” ဟု တွစ်တာ၌ ရေးသားခဲ့သည်။
အဆိုတော်ဘွိုင်းဂျော့ကလည်း “ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ မိုင်းလ်ရေ။ တကယ့်ကို စိတ်မကောင်း စရာ သတင်းပါပဲ” ဟု ရေးသားခဲ့သည်။
ရောဘတ်မိုင်းလ်သည် အနုပညာအောင်မြင်မှုအဖြစ် ၁၉၉၇ ခုနှစ်က Birt Award ဆုပေးပွဲတွင် နိုင်ငံတကာ၌ အကောင်းဆုံးထိုးဖောက်နိုင်မှုဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
Ref: BBC