ဟင်္သာတမြို့ စိုးရိမ်ရေမှတ်ကျော်နေဟု မိုးဇလ ထုတ်ပြန်သော်လည်း စိုးရိမ်စရာမရှိဟု တိုင်းအစိုးရပြော

ဟင်္သာတမြို့ စိုးရိမ်ရေမှတ်ကျော်နေဟု မိုးဇလ ထုတ်ပြန်သော်လည်း စိုးရိမ်စရာမရှိဟု တိုင်းအစိုးရပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြစ်ရေကြီးခြင်း အခြေအနေသတင်းကို ထုတ်ပြန်ထားပါသော်လည်း ဟင်္သာတမြို့အတွက် စိုးရိမ်စရာမရှိဟုဆို ဧရာဝတီတိုင်း  ဒေသကြီး အစိုးရအဖှဲ့ အတွင်းရေးမှူး ဦးအေးကျော်က မဇ္ဈိမသို့ပြောသည်။

ဦးအေးကျော်က “ဟင်္သာတမြို့ကို စိုးရိမ်ရေမှတ်ကျော်နေတယ် ကြေငြာထားတာတော့ဟုတ်ပါတယ်၊ ဒါပေမဲ့ အခုအချိန်အထိတော့ ၄၄ ဒသမ ၈ပေ အထိပဲ ရှိသေးတယ်၊ ၄၉ပေလောက် ရောက်မှ စိုးရိမ်၇တာပါ၊ ဒီထက်တော့ မကျော်သေးပါဘူး၊ ကျွန်တော်တို့ ကယ်ဆယ်ရေးကော်မတီတွေဖွဲ့တယ်၊ ဆည်တွေမှာ ကင်းတွေချထားပြီး တပ်မတော်သားတွေ စောင့်နေကြပါတယ်၊ တစ်ခုခု ဆည်မှာအပေါက်တွေ့တာမျိုးပေါ့ ဖြစ်တာနဲ့ ချက်ချင်းတားဆီးပိတ်ဆို့ပြီး ကာကွယ်ဖို့ ပြင်ဆင်ထားပါတယ်”ဟုဆိုသည်။

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် ၁၂း၃၀ အချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၀)စင်တီမီတာ (ပေဝက်ခန့်) ကျော်လွန်နေပြီး အဆိုပါ မြစ်ရေသည် နောက်သုံး ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသည်ဟု  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃၁ရက် နေ့လယ်က ကြေညာချက် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly