အမေရိကန်၌ ရုံဝင်ငွေဒေါ်လာ ၁၄၅ သန်းခန့် ရရှိကာ အောင်ပွဲခံခဲ့သည့် Guardaians of the Galaxy Vol.2

အမေရိကန်၌ ရုံဝင်ငွေဒေါ်လာ ၁၄၅ သန်းခန့် ရရှိကာ အောင်ပွဲခံခဲ့သည့် Guardaians of the Galaxy Vol.2

အမေရိကန်ပြည်တွင်း ရုပ်ရှင်ရုံများ၌ ပြီးခဲ့သော စနေ၊တနင်္ဂနွေပိတ်ရက်က စတင်ရုံတင်ခဲ့သည့် Guardians of the Galaxy Vol.2 ဇာတ်ကားသည် တာထွက်ကောင်းခဲ့ပြီး ရုပ်ရှင်ရုံ ၄၃၄၇ရုံ၌ ပြသခဲ့ရာ ရုံဝင်ငွေ ၁၄၅သန်းခန့် ရရှိခဲ့ပြီး Box Office ရုံဝင်ငွေဇယား၌ နံပါတ်တစ်နေရာမှ ဦးဆောင်နေသည်။

“ ကျနော်တို့ ကျေနပ်အားရပါတယ်။ ရုံဝင်ငွေ ကိန်းဂဏန်းတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ” ဟု ဒစ်စနေးမှ ဖြန့်ဖြူရေးအကြီးအကဲ ဒေ့ဗ်ဟိုးလစ်က ပြောခဲ့သည်။

ဒစ်စနေးနှင့် မာဗယ်စတူဒီယိုတို့မှ ထုတ်လုပ်သော အဆိုပါ Guardians of the Galaxy Vol.2 ဇာတ်ကားကို ဒါရိုက်တာဂျိမ်းစ်ဂန်းက ရိုက်ကူးထားပြီး ခရစ္စပတ်၊ ဇိုးဆန်ဒါနာ၊ ဒေ့ဗ်ဘာတစ္စတာ၊ ဗင်ဒိုင်ဆယ် နှင့်ဘရက်ဒ်လေ ကူးပါးတို့က ဦးဆောင်ပါဝင်ထားကြသည်။

ယခုအပတ် Box Office ရုံဝင်ငွေဇယား၌ ထိပ်ဆုံးမှဦးဆောင်နေသော Guardians of the Galaxy Vol.2 ၏ နောက်တွင် ယူနီဗာဆယ် စတူဒီယိုမှ Fate of the Furious ဇာတ်ကားက ရုံဝင်ငွေ ၈.၅သန်းဖြင့် ဒုတိယနေရာ မှ ရပ်တည်နေသည်။ ၎င်း၏နောက်တွင် ဖော့စ်ရုပ်ရှင်ထုတ်လုပ်ရေး၏ ကာတွန်းဇာတ်ကား The Boss Baby က ရုံဝင်ငွေ ၆.၂သန်းဖြင့် တတိယနေရာမှ ရပ်တည်နေသည်။ စတုတ္ထနေရာ၌ ရပ်တည်နေသော ဇာတ်ကားမှာ ရုံဝင်ငွေ ၅.၂သန်း ရရှိခဲ့သော How to be a Latin Lover ဖြစ်ပြီး ၎င်း၏နောက် နံပါတ်ငါးနေရာ၌ ရုံဝင်ငွေ ၅ သန်းနီးပါး ရရှိခဲ့သော Beauty and the Beast ဇာတ်ကားက ရပ်တည်လျက်ရှိသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly