၂၀၁၇-၁၈ အစိုးရဘတ်ဂျက်ဖြင့် လုပ်မည့်လုပ်ငန်းများ ပြည်သူသိရှိစေရန် ဘုတ်ထောင်ကြေငြာပေးမည်

၂၀၁၇-၁၈ အစိုးရဘတ်ဂျက်ဖြင့် လုပ်မည့်လုပ်ငန်းများ ပြည်သူသိရှိစေရန် ဘုတ်ထောင်ကြေငြာပေးမည်

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အစိုးရဘတ်ဂျက်ဖြင့် လုပ်မည့်လုပ်ငန်းများ ပြည်သူသိရှိစေရန်အတွက် မြို့နယ်စီမံကိန်းရုံးများတွင် ဘုတ်ထောင်ကြေငြာပေးမည်ဟု သိရသည်။

"၂၀၁၇-၁၈ ဘက်ဂျက်နဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားပါတယ်။ တိုင်းအတွင်း ဘတ်ဂျက်နဲ့လုပ်မယ့်လုပ်ငန်းတွေအကုန်လုံးကို တိုင်းစီမံကိန်းက ဦးဆောင်ပြီး မြို့နယ်စီမံကိန်းရုံးတွေမှာ စာရင်းဇယားနဲ့ကပ်ထားရမယ် ပြည်သူတွေသိရှိအောင်”ဟု စီမံဘဏ္ဍာဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇-၁၈ခုနှစ်တွင် ဌာန ၂၄ခုက ကျပ်၁၃၉.၇၇ ဘီလျံဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly