၅၃ကြိမ်မြောက် ဘိခ်ဆန်းအနုပညာဆုပေးပွဲ၌ ဆုလက်ခံစဉ် မိခင်ဖြစ်သူအား တောင်းပန်ခဲ့သည့် မင်းသား ဂေါင်ယူး

၅၃ကြိမ်မြောက် ဘိခ်ဆန်းအနုပညာဆုပေးပွဲ၌ ဆုလက်ခံစဉ် မိခင်ဖြစ်သူအား တောင်းပန်ခဲ့သည့် မင်းသား ဂေါင်ယူး

Train to Busan ဇာတ်ကားဖြင့် လူသိများခဲ့သော တောင်ကိုရီးယားမင်းသား ဂေါင်ယူးသည် ၅၃ကြိမ်မြောက် ဘိတ်ခ်ဆန်းအနုပညာဆုပေးပွဲ၌ ဆုလက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားစဉ်၌ သူ၏မိခင်ဖြစ်သူအား တောင်းပန်ကြောင်း မျက်ရည်ဝိုင်းလျက် ပြောကြားခဲ့သည်။

မေလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော ဆုပေးပွဲအခမ်းအနား၌ ဂေါင်ယူးသည် အကောင်းဆုံးသရုပ်ဆောင် မင်းသားဆုအား ဒရာမာဇာတ်လမ်းတွဲ Goblin ဖြင့် ရရှိခဲ့သည်။ ထို့နောက်ဆုလက်ခံ၍ စကားပြောကြားစဉ်၌ သူသည် အလုပ်ချိန်များပြားသောကြောင့် မိခင်ဖြစ်သူနှင့် မကြာခဏတွေ့ဆုံဖို့ မတတ်နိုင်သည့်အတွက် မိခင်အားတောင်းပန်ကြောင်း ပြောကြားခဲ့သည်။

“ကျနော့်ရဲ့အမေက တခါတလေကျရင် ကျနော့်ကိုစိတ်ပျက်ပြီးတော့ပြောပါတယ်။ သူမရဲ့ သားဖြစ်သူက တခြား သူတွေရဲ့ သားဖြစ်နေသလိုခံစားရပါတယ်တဲ့။ အဲ့ဒါတွေအားလုံးဟာ ကျနော် သူမအပေါ်မကောင်းတဲ့အတွက် ကြောင့်ပါ” ဟု မျက်ရည်ဝိုင်းလျက် ပြောကြားခဲ့သည်။

ထို့နောက်တွင် သူသည် ယခုလိုဆုဆွတ်ခူးနိုင်သည့်အတွက် အလွန်အားရဝမ်းသာကြောင်းနှင့် ယခုလို အောင်မြင်မှုသည် သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း   ပြောခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly