အမ်နိုက်ရှာမာလန်၏ ဇာတ်ကားသစ်သည် Split နှင့် Unbreakable တို့၏ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်မည်

အမ်နိုက်ရှာမာလန်၏ ဇာတ်ကားသစ်သည် Split နှင့် Unbreakable တို့၏ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်မည်

မကြာသေးခင်ကမှ ကြေညာခဲ့သော နာမည်ကျော်ဒါရိုက်တာ အမ်နိုက်ရှာမာလန်၏ အသစ်ထွက်ရှိလာမည့် ဇာတ်ကားသစ် Glass သည် သူရို်က်ကူးခဲ့သော ရုပ်ရှင်နှစ်ကားကို ပေါင်းစပ်၍ ဇာတ်သိမ်းပိုင်းအဖြစ်ပုံဖော် ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ထွက်ရှိလာမည့်ဇာတ်ကားသစ်တွင် သူရိုက်ကူးခဲ့သော Unbreakable နှင့် Split တို့မှ ဇာတ်ကောင်များကို ပေါင်းစပ်ကာ ရုပ်ရှင်သုံးတွဲဆက်၏ နောက်ဆုံးရုပ်ရှင်အဖြစ် ဖန်တီးမည်ဖြစ်သည်။

Unbreakable ဇာတ်ကားမှ ဘရုစ်ဝီလိစ် ဆန်မြူရယ်အယ်လ်ဂျက်ဆန်တို့နှင့် Split ဇာတ်ကားမှ ဂျိမ်းစ်မက်အဗွိုင်း၊ အန်ယာတေလာဂျွိုင်းတို့သည် Glass ဇာတ်ကားတွင် ပါ၀င်ကြမည်ဖြစ်သည်။

“ဒီဇာတ်ကားနှစ်ကားကို ပေါင်းစပ်ပြီး တတိယတစ်ကားအဖြစ် ရိုက်ကူးချင်တဲ့အိပ်မက် ကျနော့်မှာအမြဲတမ်းရှိခဲ့ ပါတယ်” ဟု ရှာမာလန်က ပြောခဲ့သည်။

နာမည်ကျော်သည်းထိတ်ရင်ဖိုရုပ်ရှင် The Sixth Sense ၏ ဒါရိုက်တာလည်းဖြစ်သူ ရှာမာလန်က ထိုဇာတ်ကား နှစ်ကားကို ပေါင်းစပ်မည့် သတင်းအား တွစ်တာမှတဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

Glass ၏ ဇာတ်အိမ်ကို ပြီးခဲ့သော ၂၀၁၆ နှစ်ကုန်ပိုင်းကမှ ထွက်ရှိခဲ့သည့် ပင်ကိုစရိုက် ၂၃မျိုးရှိသော စိတ္တဇ ဇာတ်ကောင်အကြောင်း ရိုက်ကူးထားသည့် Split ရုပ်ရှင်၏ ဇာတ်သိမ်းပိုင်းအတိုင်း ဆက်လက်ပုံဖော်သွားမည် ဖြစ်သည်။

လွန်ခဲ့သော ၂၀၀၀ ခုနှစ်ကထွက်ရှိခဲ့သည့် Unbreakable ရုပ်ရှင်တွင် ဘရုစ်ဝီလိစ်သည် ရထားတိုက်မှု၌ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ခဲ့ပြီးနောက်တွင် သူ့ထံ၌ သဘာဝလွန်စွမ်းအားများ ပိုင်ဆိုင်ထား သလားဆိုတာကို သိချင်သော သူတစ်ယောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly