တေးရေး မင်းချစ်သူ၏ ကြယ်တွေစုံ/ဆုံတဲ့ သီချင်းပွဲတော် ကျင်းပမည်

တေးရေး မင်းချစ်သူ၏ ကြယ်တွေစုံ/ဆုံတဲ့ သီချင်းပွဲတော် ကျင်းပမည်
ဓာတ်ပုံ - Forever Blossom Co.,Ltd ဖေ့စ်ဘွတ်

Forever Blossom မှ စီစဉ်သည့် တေးရေးမင်းချစ်သူ၏ ကြယ်တွေစုံ/ဆုံတဲ့ သီချင်းပွဲတော်ကို  သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ ဓမ္မစေတီလမ်းရှိ Myanmar Event Park (MEP)၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါပွဲတွင် တေးရေးမင်းချစ်သူ၏ ဂီတသက်တမ်း ၃၅ နှစ်အတွင်း ကျော်ကြားခဲ့သည့် သီချင်းပေါင်းများစွာထဲမှ တေးသီချင်း အချို့ကို အဆိုတော် အယောက် ၄၀ ကျော်က ဂုဏ်ပြုသီဆို ကြမည့်ပွဲဖျော်ဖြေပွဲ တစ်ခုလည်း ဖြစ်သည်။

ထိုပွဲတွင် အဆိုတော်များအဖြစ် ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ ရင်ဂို၊ စည်သူလွင်၊ ဂရေဟမ်၊ ဖိုးကာ၊ ဇော်ပိုင်၊ Rဇာနည်၊ ကျော်စည်သူကျော်၊ ထက်နေကြည်၊ ကျော်သီဟ၊ ဖြိုးပြည့်စုံ၊ အားမာန်၊ မိုးဈာန်၊ ဝိုင်းလမင်းအောင်၊ နွဲ့ယဉ်ဝင်း၊ မေဆွိ၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ မီမီဝင်းဖေ၊ ထွန်းအိန္ဒြာဗို၊ သျှီ၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ရေဗက္ကာဝင်း၊ ဖြူဖြူကျော်သိန်း၊ ရတနာမိုင်၊ တွင်ကယ်လ်၊ ခေမီကို ၊ အေသင်ချိုဆွေ၊ စိုးပြည့်သဇင်၊ ဗန်းသော့ဒ်ကျင်း၊ ဆုပန်ထွာ၊ ဖြိုးသီရိခေတ်၊ သန္တာဗိုလ်၊ ဆုထက်လှိုင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ ထိုက်ထိုက်၊ ရွှေရည်ဖြိုးမောင်၊ ဝတ်ရည်ထက်၊ ဂျူးဂျူးစံ တို့က  သီဆိုဖျော်ဖြေ ကြမည် ဖြစ်သည်။

တေးဂီတ အဖြစ် Emperor Band၊ Dream Lover Band ၊ DJ သော်သော်တို့က ပါဝင် တီးခတ်ပေးကြမည် ဖြစ်သည်။ တေးရေး မင်းချစ်သူ၏ ကြယ်တွေစုံ/ဆုံတဲ့ သီချင်းပွဲတော် လက်မှတ်များကို ဇူလိုင် ၃၁ ရက်မှ စတင်ပြီး 4TV Main Showroom၊ City mart ၊ myasiaticket.com ၊ Call Center 1876၊ champion sport & garments၊ မဟာမိတ် ဂီတနှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးတို့တွင် ဝယ်ယူရရှိနိုင် မည်ဖြစ်သည်။ ထိုပွဲအတွက် လက်မှတ်များကို တစ်စောင်လျှင် ကျပ် ၅ သောင်း၊ ၃ သောင်း၊ ၂ သောင်း၊ ၁ သောင်း ဖြင့် အသီးသီး သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly