လျှို့ဝှက်သည်းဖို စပိုင်ရုပ်ရှင် Unlocked အကြောင်း ဖွင့်ဟခဲ့သည့် မင်းသားအော်လန်ဒိုဘလွန်း

လျှို့ဝှက်သည်းဖို စပိုင်ရုပ်ရှင် Unlocked အကြောင်း ဖွင့်ဟခဲ့သည့် မင်းသားအော်လန်ဒိုဘလွန်း

ဗြိတိန်မင်းသား အော်လန်ဒိုဘလွန်းက မကြာခင်ထွက်ရှိလာတော့မည့် သူ၏ရုပ်ရှင်ကားသည် ဇီဝလက်နက်များ ၏ ခြိမ်းခြောက်မှုကို ကြံုတွေ့နေရသော လန်ဒန်မြို့အကြောင်း စိတ်ကူးယဉ် ဇာတ်လမ်းဆင်ထားခြင်းဖြစ်ကာ လက်ရှိတွင် အကြမ်းဖက်ဝါဒ၏ လုပ်ရပ်များ တဖြည်းဖြည်းမြင့်တက်လာသောကြောင့် လက်တွေ့ဘဝတွင်လည်း ထိုကဲ့သို့ပင် ဖြစ်ပေါ်လာနိုင်ကြောင်း ပြောခဲ့သည်။

“Unlocked” အမည်ရှိ အဆိုပါရုပ်ရှင်ကို လာမည့် မေလ ၅ ရက်နေ့တွင် နိုင်ငံတကာ၌ ရုံတင်ပြသသွားမည် ဖြစ်ကာ ဘလွန်းက MI5 ထောက်လှမ်းရေး အေဂျင်စီမှ အေးဂျင့်တစ်ဦးအဖြစ် ပါ၀င်သရုပ်ဆောင်ထားသည်။

“ယနေ့ ကျနော်တို့ နေထိုင်တဲ့ကမ္ဘာကြီးဟာ အဲ့ဒီရုပ်ရှင်ထဲက အခြေအနေတွေအတိုင်း လုံးဝကို ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိနေပါတယ်” ဟု ဘလွန်းက ပြီးခဲ့သော အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော အဆိုပါရုပ်ရှင်၏ အထူး ပြသပွဲ၌ ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ ဒါရိုက်တာ မိုက်ကယ်အက်ပ်တက်ဒ်က တကယ့်ကို ကောင်းမွန်တဲ့အလုပ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါ တယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

၁၉၉၉ ခုနှစ်က “The World is Not Enough”  ကဲ့သို့ ဂျိမ်းစ်ဘွန်းရုပ်ရှင်မျိုး ရိုက်ကူးခဲ့သော အက်ပ်တက်ဒ်က “Unlocked” ရုပ်ရှင်၏ ဇာတ်လမ်းပိုင်းသည် တဖြည်းဖြည်းနှင့် အားကောင်းသထက် ကောင်းလာကြောင်း ပြောခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly