ဆုပေါင်း ၉ဆုခန့် စံချိန်တင်ရရှိခဲ့သော ဟယ်ရီပေါ်တာပြဇာတ် The Cursed Child

ဆုပေါင်း ၉ဆုခန့် စံချိန်တင်ရရှိခဲ့သော ဟယ်ရီပေါ်တာပြဇာတ် The Cursed Child

ဗြိတိန်၏ ပြဇာတ်လောကတွင် အကြီးမားဆုံး ဆုပေးပွဲဖြစ်သည့် Laurence Olivier Awards ၌ ဟယ်ရီပေါ်တာ ပြဇာတ်ဖြစ်သော Harry Potter and The Cursed Child က ဆုပေါင်း ၉ ဆုခန့် ရရှိခဲ့ပြီး စံချိန်ချိုးဖျက်နိုင်ခဲ့သည်။

လန်ဒန်မြို့ရှိ ရိုင်ရယ်အဲလ်ဘတ် ခန်းမကြီးထဲတွင် ကျင်းပခဲ့သော အခမ်းအနား၌ နာမည်ကျော် မှော်ဇာတ်လမ်း ဖြစ်သော The Cursed Child ပြဇာတ်သည် အကောင်းဆုံး ပြဇာတ်ဆုအား ဆွတ်ခူး ရရှိခဲ့သည်။

အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုအား အဆိုပါပြဇာတ်ထဲ၌ အရွယ်ရောက်ပြီဖြစ်သော ဟယ်ရီပေါ်တာ အဖြစ် သရုပ်ဆောင်ခဲ့သည့် ဂျေမီပါကာက ရရှိခဲ့ပြီး ထိုပြဇာတ်အား မဆုတ်မနစ် အားပေးကြသော နှစ်သက်ဖွယ် ကောင်းသည့် ပရိသတ်ထုကြီးအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထိုပြဇာတ်၌ ဟာမွန်နီဂရင်ဂျာအဖြစ် သရုပ်ဆောင်ခဲ့သော နိုမားမက်ဇ်ဇွီနီက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဆုအားလက်ခံရယူစဉ်၌ သူမက ဂျေကေရိုလင်းအား အဆိုပါ ဇာတ်ကောင်ကို ဖန်တီး ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဟာမွန်နီဂရင်ဂျာအဖြစ် သရုပ်ဆောင်ရခြင်းမှာ တကယ့်ကို အထူး အခွင့်အရေး တစ်ရပ်ပဲဖြစ်ကြောင်း ပြောခဲ့သည်။

အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအား စကော်ပီယပ်စ်မယ်လ်ဖွိုင်း နေရာမှ သရုပ်ဆောင်ခဲ့သော မင်းသား အန်သော်နီဘွိုင်လီက ဆွတ်ခူးရရှိခဲ့သည်။

ဒါ့အပြင် The Cursed Child ပြဇာတ်သည် ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်းခံခဲ့ရပြီး ဆုပေါင်း ၉ ဆုကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် စံချိန်သစ်တစ်ရပ် ရေးထိုးနိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly