အပူဒဏ်လွန်ကဲမှုသတိပြုရန် မိုးဇလ ပညာရှင် ဦးထွန်းလွင်သတိပေး

အပူဒဏ်လွန်ကဲမှုသတိပြုရန် မိုးဇလ ပညာရှင် ဦးထွန်းလွင်သတိပေး

ရန်ကုန် ၊ ဧပြီ ၈ ။           ။ လာမည့်ရက်ပိုင်းကာလအတွင်း အပူဒဏ်ကို အထူးသတိထားရန် လိုအပ်နေပြီဖြစ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က သတိပေး ပြောဆိုထားသည်။

"အပူဒဏ်ကို အထူးသတိထားဖို့ လိုနေပြီ" ဟု ဦးထွန်းလွင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား သတိပေးထားခြင်းလည်းဖြစ်သည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး(တောင်ပိုင်းစွန်း) တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနေနိုင်ပြီး၊ ကျန်ဒေသများ၌ လွန်ကဲအဆင့်တွင်ရှိနေနိုင်ကြောင်း သတိပေးရေးသားထားသည်။

နေ့အပူချိန်များအနေဖြင့် ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ ရှမ်းပြည်နယ်(တောင်) နှင့် ရှမ်းပြည်နယ် (မြောက်)တို့တွင် ၂၆ ဒီဂရီ စင်တီဂရိတ်မှ ၃၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အနောက်အလယ်ပိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း တို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ် မှ ၄၃ ဒီဂရီ စင်တီဂရိတ်၊ ကျန်ဒေသများတွင် ၃၄ ဒီဂရီ စင်တီဂရိတ်မှာ ၃၉ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်သည်ဟု ဦးထွန်းလွင်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly