KNU ထိပ်ပိုင်း ခေါင်းဆောင် ငါးဦးကိုရွေးချယ်၊ စောမူတူးစေးဖိုး ဥက္ကဋ္ဌအဖြစ် ပြန်အရွေးခံရ

KNU ထိပ်ပိုင်း ခေါင်းဆောင် ငါးဦးကိုရွေးချယ်၊ စောမူတူးစေးဖိုး ဥက္ကဋ္ဌအဖြစ် ပြန်အရွေးခံရ
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး(KNU)

ရန်ကုန် ၊ ဧပြီ ၈ ။          ။ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ထိပ်ပိုင်းခေါင်းဆောင် ငါးဦးကို ယနေ့ နံနက်ပိုင်းက ထပ်မံရွေးချယ်နေပြီး ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ပြန်လည်ရွေးချယ်ခံခဲ့ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ၊ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ပဒိုစောတာဒိုမှူး တို့ ရွေးချယ်ခံထားရကြောင်း သိရပြီး  တွဲဘက်အတွင်းရေးမှူး(၁) ၊ တွဲဘက်အတွင်းရေးမှူး (၂) တို့ကို ဆက်လက် ရွေးချယ်သွားမည်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည် နှစ်ကြိမ်ဆက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း ခံထားရသူဖြစ်ကာ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် တပ်မတော်နှင့် နီးနီးကပ်ကပ် ဆက်ဆံရေး ရှိသူလည်းဖြစ်သည်။

ယခင်က KNU ၌ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့် ပဒိုကွယ်ထူးဝင်းသည် ဒုတိယ ဥက္ကဋ္ဌအဖြစ် အရွေးခံထားရပြီး ၊  CEC အဖွဲ့ဝင်နှင့် ဗဟိုစီးပွားရေးကော်မတီ ဥက္ကဋ္ဌဖြစ်ခဲ့သူ ပဒိုစောတာဒိုမှူးက အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံထားရသည်။ တွဲဘက်အတွင်းရေးမှူး ၁ အဖြစ် ပဒို စောဆဲပွယ် က ရွေးချယ်ခံရပြီး တွဲဘက် အတွင်းရေးမှူး ၂ အဖြစ် ပဒို စောလှထွန်းက ရွေးချယ်ခံရသည်ဟု ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၌ ထင်ရှားသောခေါင်းဆောင်ပိုင်းများဖြစ်သည့် ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ၊ ပဒို စောသောသီဘွဲ့၊ ပဒို မန်းမန်း နှင့် KNU ဒုတိယစစ်ဦးစီးချုပ် ဘောကျော်ဟဲ တို့သည် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခြင်း မခံရပေ။

KNU ၏ ၁၆ ကြိမ်မြောက် ညီလာခံကုုိ မတ်လ ၁၄ ရက်နေ့မှစတင်ကျင်းပခဲ့ပြီး ၄ နှစ်ကာလအတွင်း လုုပ်ဆောင်ခဲ့သော လုုပ်ငန်း အစီရင်ခံစာများ သုံုးသပ်ခြင်း၊ အဖွဲ့၏ ဖွဲ့စည်းပုံု အခြေခံ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်း၊ နုုိင်ငံရေး အစီရင်ခံစာများကုုိ သုံုးသပ်ဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly