Toronto ရုပ်ရှင်ပွဲတော်တွင် အက်ဒီရက်ဒ်မေးနီနှင့် ဂျူလီအန် မိုရီတို့ အော်စကာဆု ရရှိရန် ဦးဆောင်နေ

Toronto ရုပ်ရှင်ပွဲတော်တွင် အက်ဒီရက်ဒ်မေးနီနှင့် ဂျူလီအန် မိုရီတို့ အော်စကာဆု ရရှိရန် ဦးဆောင်နေ

နယူးယော့ခ်၊ ဇူလိုင် ၂၉ ။        ။ အော်စကာဆုရှင်များဖြစ်သော မင်းသား အက်ဒီရက်ဒ်မေးနီနှင့် မင်းသမီး ဂျူလီအန်မိုရီတို့ သည် ယခုနှစ်တွင် ကျင်းပမည့် အကြိမ် ၄၀ မြောက် Tornoto ရုပ်ရှင်ပွဲတော် တွင်အော်စကာဆုရရှိ ရန် ဦးဆောင်နေသည်။

ရက်ဒ်မေးနီသည် The Danish Girl ဇာတ်ကားတွင် လိင်ပြောင်းထားသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး မိုရီသည် ဂေးအခွင့်အရေး ဇာတ်ကား Freeheld ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည်။
စက်တင်ဘာ ၁၀ ရက်တွင် ကျင်းပမည့် ရုပ်ရှင်ပွဲတော်တွင် မင်းသား ဂျိတ်ခ်ဂျင်လန်ဟိုလ် ပါဝင်သရုပ်ဆောင်ထားသော Demolition ဇာတ်ကားဖြင့် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ကနေဒါ ဒါရိုက်တာ ဂျိမ်းမက်ဒ်ဗဲလ်လီ ရိုက်ကူးထားသော Demolition ဇာတ်ကားတွင် ဂျင်လန်ဟိုလ်သည် ယာဉ်မတော်တဆမှုတွင် ဇနီးဖြစ်သူ သေဆုံးသွားပြီးနောက် ရင်းနှီးမြှပ်နှံမှု ဘဏ်လုပ်ငန်းရှင် အဖြစ် သရုပ်ဆောင်ထားသည်။

ပြီးခဲ့သည့်နှစ်က Tornoto ရုပ်ရှင်ပွဲတော်၌ ရက်ဒ်မေးနီသည်  The Theory of Everything  ဇာတ်ကားတွင် ရူပဗေဒ ပညာရှင် စတီဗင်ဟော့ပ်ကင်းအဖြစ် သရုပ်ဆောင်မှုဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အော်စကာဆုကို ရရှိခဲ့ပြီး မိုရီသည် Still Alice  ဇာတ်ကားတွင် ကောလိပ် ပါမောက္ခအဖြစ် သရုပ်ဆောင်မှုဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် အော်စကာဆုကို ရရှိ ခဲ့သည်။ ပြီးခဲ့သည့်နှစ်က အဆိုပါ ရုပ်ရှင်ပွဲတော်တွင် The Theory of Everything နှင့် Still Alice ဇာတ်ကားတို့ကို ပွဲဦးထွက်ပြသခဲ့သည်။

ဒါရိုက်တာ စတီဖင်ဖာရာ့စ်၏ The Program ဇာတ်ကား၊ မင်းသားမက်ဒါမွန် ပါဝင်သရုပ် ဆောင်ထားသည့် ဒါရိုက်တာရက်ဒ်လေးစကော့ပ် ရိုက်ကူးထားသော The Martian ဇာတ်ကားတို့ သည်လည်း ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ပြသမှုတွင် ပါဝင်သည်။

ဂျွန်နီဒက်ပ် ပါဝင်သရုပ်ဆောင်သည့် Black Mass ဇာတ်ကား၊ ဂျက်ဆင်ဘက်မန်၏ ဒုတိယ မြောက် ရိုက်ကူးထားသော The Family Fang ဇာတ်ကားနှင့် အာဖဂန်စစ်ပွဲအကြောင်း ရိုက်ကူး ထားသော Hyena Road ဇာတ်ကားတို့ကိုလည်း ပွဲဦးထွက် ပြသသွားမည်ဖြစ်သည်။

Toronto ရုပ်ရှင်ပွဲတော်ကို ၁၉၇၆ ခုနှစ်က စတင်ခဲ့ရာမှ တဖြည်းဖြည်း အောင်မြင်မှု ရရှိခဲ့ ကြောင်းနှင့် ယင်းအချိန်က ရုပ်ရှပ်ရုံ ငါးရုံတွင် ဇာတ်ကား ၈၀ ခန့် ပြသကာ ယနေ့အခါတွင် ရုပ်ရှင်ရုံ ၂၅ ရုံကျော်တွင် ရုပ်ရှင်ကားပေါင်း ၃၅၀ ကျော် ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly