အက်ရှင်ရုပ်ရှင်ကားသစ်၌ ပါ၀င်သရုပ်ဆောင် ဆွေးနွေးနေသော မင်းသား လီဂျောင်စုခ်

အက်ရှင်ရုပ်ရှင်ကားသစ်၌ ပါ၀င်သရုပ်ဆောင် ဆွေးနွေးနေသော မင်းသား လီဂျောင်စုခ်

ဧပြီလ ရ ရက်နေ့တွင် လီဂျောင်စုခ်၏ အေဂျင်စီဖြစ်သော YG Entertainment က “ လီဂျောင်စုခ်ကို Witch ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။ ဘာမှတော့ တိတိကျကျမဆုံးဖြတ် ရသေးပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ကတော့ သူပါ၀င်သရုပ်ဆောင်ရမယ့် အခန်းကဏ္ဍအား သေသေချာချာကို စဉ်းစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် မင်းသားလီဂျောင်စုခ်ကို ရုပ်ရှင်ဇာတ်ကားအသစ်တစ်ခု၌ မြင်တွေ့ရမည့် အလားအလာများ ရှိနေသည်။

ဒါ့အပြင် လီဂျောင်စုခ်သည် Witch ဇာတ်ကား၏ ဒါရိုက်တာ ပါ့ခ်ဟွန်းဂျန်နှင့်အတူ ယခင်ကတွေ့ဆုံထားဖူးပြီး မကြာခင်တွင် ထွက်ရှိလာတော့မည့် V.I.P အမည်ရှိ ရုပ်ရှင်ဇာတ်ကား၌လည်း အတူတကွ တွဲဖက်အလုပ် လုပ်ခဲ့ဖူးသည်။

Witch ရုပ်ရှင်သည် အက်ရှင်ကားတစ်ကားဖြစ်ပြီး လူသတ်သမားဖြစ်အောင် လေ့ကျင့်ပေးထားခံရသော အသက် ၁၉ နှစ်အရွယ်ရှိ ကျောင်းသူလေးတစ်ဦး၏ အကြောင်းကို ပုံဖော်ထားခြင်းဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့ သည် ထိုဇာတ်ကား၏ အမျိုးသမီးသရုပ်ဆောင်နေရာအား မျက်နှာသစ်မင်းသမီးတစ်ဦးကို ခေါင်းဆောင်ထား၍ ရိုက်ကူးရန် စီစဉ်နေကြပြီး အစမ်းသရုပ်ဆောင်ပြသခိုင်းကာ ရွေးချယ်မည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly