အမ်မာစတုန်းအား ကျောင်းကပွဲသို့ဖိတ်ရန်အတွက် La La Land ဇာတ်ကားကို ပြန်လည်ဖန်တီးခဲ့သော ဆယ်ကျော်သက်လေးတစ်ဦး

အမ်မာစတုန်းအား ကျောင်းကပွဲသို့ဖိတ်ရန်အတွက် La La Land ဇာတ်ကားကို ပြန်လည်ဖန်တီးခဲ့သော ဆယ်ကျော်သက်လေးတစ်ဦး

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှ ဂျက်ကော့စတော်ဒန်မိုင်ယာ အမည်ရှိ အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ဦးသည် မင်းသမီးအမ်မာစတုန်းအား သူ၏ကျောင်းကပွဲသို့ အတူတက်ရောက်ဖို့ ဖိတ်ကြားရန် အတွက် သူမ၏ အော်စကာဆုရဇာတ်ကား La La Land ၏ အဖွင့်ဇာတ်ဝင်ခန်းကို ပြန်လည်ဖန်တီးခဲ့သည့် ဗွီဒီယိုဖိုင်သည် အွန်လိုင်းပေါ်၌ လျင်မြန်စွာပျံ့နှံ့ခဲ့ပြီး ရေပန်းစားနေသည်။

ထိုဆယ်ကျော်သက်လေးနှင့် သူ၏သူငယ်ချင်းများသည် Another Day of Sun သီချင်းအား အတူတကွသီဆို ခဲ့ကြပြီး မူရင်းသီချင်းစာသားအချို့ကို ပြောင်းလဲသီဆိုကာ အသက် ၂၈ နှစ်အရွယ်ရှိ မင်းသမီးအား ကျောင်းက ပွဲသို့ အတူတက်ရောက်ရန် မေတ္တာရပ်ခံခဲ့သည်။ ဒါ့အပြင်ရုပ်ရှင်ထဲကအတိုင်း ကားများမီးပွိုင့်၌ ပိတ်မိနေသည့် အချိန်တွင် သီဆိုခဲ့ခြင်းဖြစ်သည်။

သီချင်းစာသားများမှာ “ကျနော်ကျောင်းကပွဲကို အတူတက်ဖို့ အတွဲလိုပါတယ်။ ဂျက်ကော့စတော်ဒန်မိုင်ယာ ဆိုတာ ကျနော့်အမည်ပါပဲ။ အမ်မာစတုန်းရေ ခင်ဗျားသာ အတူလိုက်ခဲ့မယ်ဆိုရင် ကျနော်ပျော်လွန်းလို့ ရူးမတတ်ဖြစ်မိမယ် ထင်ပါတယ်” ဟု ဖြစ်ပြီး အကဖန်တီးမှုများနှင့်အတူ သူက သီဆိုခဲ့သည်။

ဒါ့အပြင် လူအများက သူဟာ La La Land ဇာတ်ကားထဲမှ အမ်မာနှင့်တွဲရိုက်ခဲ့သော မင်းသားရိုင်ယန်ဂေါ့စ်လင်း နှင့် တူသည်ဟု ပြောကြကြောင်း သူက ဆက်ပြောခဲ့သည်။

“ကျနော့်ကို ကျေးဇူးပြုပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်အောင် မလုပ်ပါနဲ့ဗျာ” ဟု သူ၏ ၂ မိနစ်စာ ဗွီဒီယိုဖိုင်ထဲ တွင် သူက ထည့်သွင်းပြောကြားခဲ့သည်။ “ခင်ဗျားလည်း လာချင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ မျက်နှာလေးကို ကျနော်မြင်လိုက်ရချိန်မှာ ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ တွေးမိမှာ အမှန်ပါပဲ” ဟု သူက ဆက်ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags