စီးပွားဖြစ်ကျူးကျော်များကို အရေးယူသွားမည်ဟု နယ်လုံဆို

စီးပွားဖြစ်ကျူးကျော်များကို အရေးယူသွားမည်ဟု နယ်လုံဆို

ရန်ကုန်၊ ဧပြီ ၅ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များထဲမှ အမှန်တကယ်နေစရာမရှိသည့် ကျူးကျော်များအတွက် နေထိုင်စရာစီစဉ်ပေးသွားမည် ဖြစ်ပေမယ့် စီးပွားဖြစ်ကျူးကျော်များအား ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောဆိုလိုက်သည်။

"စီးပွားဖြစ်ကျူးကျော်တွေကိုတော့ ဥပဒေနဲ ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးအမှန်တကယ် နေစရာမရှိတဲ့ကျူးကျော်တွေကိုတော့ စီစဉ်ဆောင်ရွက်ပေးသွားမှာ  ဖြစ်ပါတယ်။ ကျူးကျော်များရ သင့်ရထိုက်တဲ့ အခွင့့်ရေးတွေကို စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ယနေ့ ဧပြီ ၅ ရက်နေ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၆ ရက်မြောက်နေ့တွင် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက "ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များအား မည်သည့်အချိန်တွင် နေရာချထားပေးမည်ကို သိရှိလိုကြောင်း" လွှတ်တော်၌မေးမြန်းခဲ့မှုကို ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

"ကျူးကျော်တွေကို  ဘယ်တော့နေရာချပေးမလဲဆိုတာနဲ ့ပတ်သက်ပြီး ကျူးကျော်စာရင်းတွေကောက်ပြီးတဲ့အချိန် စ်ိစစ်ပြိီးတဲ့အချိန်ပေါ်မူတည်တဲ့အတွက် အချိန်အတိအကျ  ဖြေကြားလို ့မရသေးကြောင်း   ပြောကြားလိုပါတယ်" ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် ကျူးကျော်များကို စာရင်းကောက်ယူခဲ့ရာ၌ အိမ်ထောင်စုပေါင်း ရ၉၂၄၆ အိမ်ထောင်စု ရှိနေပြီး ကောက်ယူပြီးစီးမှုအခြေအနေအရ ရ၀.၅၄ ရာခိုင်နှုန်း အထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly