မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်နှစ်ရာကျော် နှုတ်ထွက်သည့်ကိစ္စ မဟုတ်မှန်ကြောင်း ပါတီဘက်က ငြင်းဆို

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်နှစ်ရာကျော် နှုတ်ထွက်သည့်ကိစ္စ မဟုတ်မှန်ကြောင်း ပါတီဘက်က ငြင်းဆို

ရန်ကုန်၊ ဧပြီ ၄ ။             ။ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာက မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင် နှစ်ရာကျော် နှုတ်ထွက်သည့် ကိစ္စ မဟုတ်မှန်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်က တရားဝင်ငြင်းဆန်လိုက်သည်။

"တရားဝင်​ ကျွန်တော်တို့ဆီ စာလည်းမတင်သေးဘူး၊ တကယ်လို့ သူတို့ထွက်မယ်ဆိုရင်လည်း ကျွန်တော်တို့ဆီ တရားဝင် စာတင်ရမှာပေါ့၊ နှုတ်ထွက်စာက ပါတီဗဟိုလည်း မရောက်သေးဘူး၊ မြို့နယ်လည်း မရောက်သေးဘူးဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) နိုင်စံတင်က မဇ္စျိမကို အတည်ပြုပြောဆိုသည်။

ယခုကိစ္စသည် တောင်ပြင်ကျေးရွာက ပါတီ CEC တစ်ဦးအား ပါတီစည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီခြင်းကြောင့် ပါတီမှ ထုတ်ပယ်လိုက်သည့်အပေါ် အဆိုပါ CEC က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားပြောဆိုနေမှုများသာ ဖြစ်ပြီး မှန်ကန်မှုမရှိဟု နိုင်စံတင်က ဆက်လက်ပြောဆိုသည်။

မွန်ပြည်နယ်အခြေစိုက် ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီ ပူးပေါင်းပြီး မွန်ပါတီတစ်ခုတည်း ဖြစ်စေရန် ဒေသခံများက လိုလားလျက်ရှိနေသော်​လည်​း ပါတီပေါင်းစည်းရေးအတွက် ဆွေးနွေးမှုများသည် အောင်မြင်မှုမရှိသေးပေ။

အဆိုပါ မွန်ပါတီ နှစ်ပါတီ ပေါင်းစည်းရေး မအောင်မြင်ခြင်းကြောင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီဝင် နှစ်ရာကျော် နှုတ်ထွက်ကြောင်းသတင်းများ ထွက်ပေါ်နေသော်​လည်​း မဇ္ဈိမမှ ခိုင်လုံသည့် အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly