လေယာဉ်မောင်းလိုင်စင် အသိမ်းခံရမည့် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် မင်းသားကြီး ဟာရစ်ဆန်ဖို့ဒ်

လေယာဉ်မောင်းလိုင်စင် အသိမ်းခံရမည့် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် မင်းသားကြီး ဟာရစ်ဆန်ဖို့ဒ်

ပြီးခဲ့သော ၂လအတွင်းက ကယ်လီဖိုးနီးယားပြည်နယ် ဂျွန်ဝိန်းလေဆိပ်၌ ခရီးသည်တင် လေယာဉ်ပျံတစ်စီးပေါ် မှ ဖြတ်၍ ပျံသန်းခဲ့မှုကြောင့် မင်းသားကြီး ဟာရစ်ဆန်ဖို့ဒ်သည် ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေး FFA ၏ စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

“ FAA ဟာ ထိုကိစ္စနှင့်ပက်သက်ပြီး မစ္စတာဖို့ဒ်ကို မေးမြန်းခြင်းအပါအဝင် စုံးစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင် ခဲ့ပါတယ်။ ပြီးတော့ လိုင်စင်မသိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ မစ္စတာဖို့ဒ်ဟာ သူ့ရဲ့လိုင်စင်ကို အကန့်အသတ် မရှိဘဲ ဆက်လက်ထိန်းသိမ်းထားနိုင်မှာပါ”ဟု ဟာရစ်ဆန်ဖို့ဒ်၏ ဥပေဒရေးရာအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဒါ့အပြင် “မစ္စတာဖို့ဒ်ဟာ သူ့ရဲ့ လေယာဉ်မောင်းလိုင်စင်ကို ကိုင်ဆောင်ထားတာ နှစ် ၂၀ ကျော်ခန့်ရှိနေပါပြီ။ ပြီးတော့ လေယာဉ်ပျံသန်းမှု အတွေ့အကြံုဟာလည်း နာရီပေါင်း ၅၀၀၀ ကျော်လောက် ရှိပြီးသားပါ။ သူဟာ FAA ရဲ့ စည်းကမ်းဥပဒေတွေနဲ့ ငြိစွန်းမယ့် အကြောင်းအရာတွေလည်း လုပ်ထားခဲ့ခြင်းမရှိပါဘူး” ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဖေဖေါ်ဝါရီလက ဟာရစ်ဆန်သည် သူ၏ကိုယ်ပိုင်လေယာဉ်လေးအား မောင်းနှင်ပျံသန်းခဲ့ကာ ဂျွန်ဝိန်းလေဆိပ်၌ ဆင်းသက်ရန် ကြိုးပမ်းခဲ့သည်။ FAA ၏ အဆိုအရ သူသည် ပြေးလမ်းကြောင်း မှားယွင်း ဆင်းသက်ခဲ့ကာ ခရီးသည်တင် ဘိုးအင်း ရ၃၇ လေယာဉ်ပျံကြီးပေါ်မှ ဖြတ်၍ ပျံသန်းခဲ့ကြောင်း သိရသည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly