နာမည်ကျော်ဂျပန်မန်ဂါ Ghost In The Shell တွင် စကားလက်ဂျွန်ဟန်ဆန် သရုပ်ဆောင်မှုကို ပရိသတ်များ မကျေနပ်ကြ

နာမည်ကျော်ဂျပန်မန်ဂါ Ghost In The Shell တွင် စကားလက်ဂျွန်ဟန်ဆန် သရုပ်ဆောင်မှုကို ပရိသတ်များ မကျေနပ်ကြ

စကားလက်ဂျွန်ဟန်ဆန်သည် ပရိသတ်ရှေ့တော်မှောက်ကို ဇာတ်ကားသစ် Ghost In The Shell ဖြင့် တကျော့ပြန်လည် ရောက်ရှိလာခဲ့သည်။ သူမသည် ထိပ်တန်းစာရင်းဝင်   ဟောလိ၀ုဒ်မင်းသမီးတစ်ဦး ဖြစ်သော ကြောင့် ပရိသတ်များကို ဖမ်းစားကာ ကြည့်ရှုသူအများအပြား ရနိုင်သည်ဟု စတူဒီယိုနှင့် ထုတ်လုပ်သူများက ယုံကြည်ထားကြသည်။

သို့သော်လည်း နဂိုမူလဇာတ်လမ်းကိုသာ ကြိုက်နှစ်သက်သော ပရိသတ်များက ဂန္တဝင်ဂျပန်မန်ဂါ ဇာတ်လမ်း၌ အမေရိကန်မင်းသမီးကို ခေါင်းဆောင်အဖြစ် ပါ၀င်သရုပ်ဆောင်ခိုင်းသည့် ဆုံးဖြတ်အပေါ် ဒေါသထွက်နေကြ သည်။

ထောင်နှင့်ချီသော ပရိသတ်များသည် နာမည်ကျော်ဂျပန်မန်ဂါဇာတ်လမ်း Ghost In The Shell တွင် အရှေ့တိုင်းသူ အာရှသရုပ်ဆောင်က ပါ၀င်သရုပ်ဆောင်ခြင်းမရှိဘဲ အနောက်တိုင်းသူ အမေရိကန်မင်းသမီး ဖြစ်သော စကားလက်ဂျွန်ဟန်ဆန်က ပါ၀င်သရုပ်ဆောင်နေခြင်းကို စိတ်ပျက်ဒေါသထွက်နေကြသည်။

Good Morning America နှင့် ပြုလုပ်ခဲ့သော အင်တာဗျူး၌ ဂျွန်ဟန်ဆန်က “ တကယ်ဆိုရင် လူမျိုးချင်းမတူ တဲ့ ဇာတ်ကောင်နေရာကနေ ကျမ ပါ၀င်သရုပ်ဆောင်ဖို့ ဘယ်တော့မှ ကြိုးစားဖြစ်မှာမဟုတ်ပါဘူး” ဟု သူမက ပြောခဲ့သည်။

“ဒီဇာတ်ကောင်အမျိုးသမီးဟာ လူသားဦးနှောက်နဲ့ စက်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် တမူထူးခြား တဲ့ အတွေ့အကြံုတစ်ခုကို ရရှိစေပါတယ်။ ဒါကြောင့် ပါ၀င်သရုပ်ဆောင်ခဲ့တာပါ” ဟု သူမက ရှင်းပြခဲ့သည်။

ယခုလို ပရိသတ်များ၏ စိတ်ပျက်မှုနှင့် ရင်ဆိုင်နေရသောကြောင့် ရုံဝင်ငွေစာရင်း Box Office ဇယား၌ အခြေအနေကောင်းမလားဆိုတာကို မေးခွန်းထုတ်နေကြသည်။ ဒါ့အပြင် ပရိသတ်ပေါင်း ၁၀၀,၀၀၀ ခန့်က ထိုဇာတ်ကောင်နေရာကို ဂျပန်သရုပ်ဆောင်တစ်ဦးထံသို့ လွှဲပေးရန်အတွက် ဆန္ဒပြ လက်မှတ်ရေးထိုးနေကြ သည်။

Ref: Sky News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags