Running Man ရုပ်သံအစီအစဉ်၌ ရန်စီချန်းနှင့် ဂျန်ဆိုမင်တို့ အဖွဲ့ဝင်အသစ်အဖြစ် ပူးပေါင်းပါ၀င်မည်

Running Man ရုပ်သံအစီအစဉ်၌ ရန်စီချန်းနှင့် ဂျန်ဆိုမင်တို့ အဖွဲ့ဝင်အသစ်အဖြစ် ပူးပေါင်းပါ၀င်မည်

ဟာသသရုပ်ဆောင် ရန်စီချန်းနှင့် မင်းသမီး ဂျန်ဆိုမင်တို့သည် နာမည်ကျော် Running Man ရုပ်သံအစီအစဉ်၌ အဖွဲ့ဝင်အသစ်များအဖြစ် ပူးပေါင်းပါ၀င်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီ ၃ ရက်နေ့တွင် Running Man အစီအစဉ်မှ လာသောသတင်းများက ရန်စီချန်းနှင့် ဂျန်ဆိုမင်တို့သည် Running Man အစီအစဉ်၏ အဖွဲ့သားများအဖြစ် ပူးပေါင်းပါ၀င်မည်ဖြစ်ပြီး ရိုက်ကူးတင်ဆက်မှုများကို ယနေ့စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုပြောင်းလဲမှုသည် Running Man အစီအစဉ်၏ ဒုတိယပြောင်းလဲမှုတစ်ခုဖြစ်ပြီး မကြာသေးခင်ကလည်း ရုပ်သံထုတ်လွှင့်ချိန်အား ညနေ ၄:၅၀ နာရီသို့ ပြောင်းရွှေ့ခဲ့သည်။

ထိုနာမည်ကျော် သရုပ်ဆောင်နှစ်ယောက်ကို ရွေးချယ်ခဲ့ခြင်းနှင့် ပက်သက်၍ တာဝန်ရှိသူများက “ သူတို့နှစ်ဦး ကျနော်တို့ရှိုးအစီအစဉ်ကို ဧည့်သည်တွေအဖြစ် ပါ၀င်တင်ဆက်ခဲ့ကြတုန်းက သူတို့နှစ်ယောက်စလုံးဟာ ရှိပြီးသား အဖွဲ့ဝင်တွေနဲ့ အလွန်ကောင်းမွန်တဲ့ အချိတ်အဆက်နဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ပါ၀င်ထားတဲ့ ရုပ်သံအပိုင်းတွေကို ထုတ်လွှင့်တဲ့အချိန်မှာ ကြည့်ရှုသူနှုန်း တော်တော်မြင့်ခဲ့ပါတယ်။ ဒါဟာ လည်း သူတို့ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အပိုင်းတစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။

ဂျန်ဆိုမင်သည် ပြီးခဲ့သော မတ် ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့သော အစီအစဉ်၏ ၃၄၃ ပိုင်းမြောက်တွင် ပါ၀င်လာ ခဲ့ပြီး ရှိုးအစီအစဉ်ထဲ၌ လျင်မြန်စွာပင် အသားကျသွားခဲ့သည်ကို တွေ့ခဲ့ရသည်။ သူမသည် Running Man ထဲမှ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ဖြစ်သည့် ဆောင်းဂျီဟိုနှင့်အတူ ပူးပေါင်းပါ၀င်မည်ဖြစ်သောကြောင့် ပရိသတ်စိတ်ဝင်စားမှုများ မြင့်တက်နေသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly