လွှတ်တော်တွင်တင်သွင်းသည့်အဆိုများ အဆိုနှင့်တူသော ဆွေးနွေးမှုဖြစ်စေချင်ဟု လူမှုရေးဝန်ကြီးပြော

လွှတ်တော်တွင်တင်သွင်းသည့်အဆိုများ အဆိုနှင့်တူသော ဆွေးနွေးမှုဖြစ်စေချင်ဟု လူမှုရေးဝန်ကြီးပြော

ပုသိမ်၊ မတ် ၂၉ ။             ။ ဧရာဝတီတိုင်းလွှတ်တော်တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုများကို ဆွေးနွေးရာ၌ အဆိုနှင့်တူသောဆွေးနွေးမှုဖြစ်စေချင်ကြောင်း တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဝေဖန်လိုက်သည်။

"မူလအဆိုကိုထောက်ခံဆွေးနွေးတဲ့အခါ မူလအဆိုရဲ့အဓိပ္ပါယ် လွဲချော်သွားတာမျိုးမဖြစ်စေချင်ပါဘူး။ နောက်နောင် အဆိုများကို ဆွေးနွေးတဲ့အခါ အဆိုကို အဆိုနဲ့တူသော   ဆွေးနွေးမှုမျိုးဖြစ်စေချင်ပါတယ်”ဟု   ဝန်ကြီးက မတ်လ ၂၈ရက်က ပြောဆိုခဲ့သည်။

ဝါးခယ်မမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်၏ အဆိုကို ထောက်ခံဆွေးနွေးမှုနှင့် ပတ်သက်၍ ဒေါက်တာလှမြတ်သွေးက "အဆိုကို ထောက်ခံတဲ့အနေနဲ့ဆို မူလပထမအဆိုရှင်ကို ထောက်ခံချက်မျိုးနဲ့ လွှဲချော်နေတယ်လို့ယူဆပါတယ်။ ကျွန်မ အနေနဲ့စေတနာနဲ့အကြံပေးရရင် ထောက်ခံတဲ့အဆိုထက် မေးခွန်းအနေနဲ့ တိုက်ရိုက်မေးသင့်ပါတယ်" ဟု ဝန်ကြီးက ထောက်ပြ အကြံပြုခဲ့သည်။

ဝါးခယ်မြို့နယ် ကိုယ်စားလှယ်ဦးဌေးအောင်က ရွှေလောင် အ.ထ.က ကျောင်းဆောင်သစ်ကိစ္စန ့ဲပတ်သက်ပြီး "၂၀၁၆ခုနှစ်တွင် ပေ၁၀၀ ပေ၃၀ RCတစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ခွင့်ရခဲ့ပါတယ်။ ယခင် ပေ၁၂၀၊ ပေ၃၀နှစ်ထပ်ကျောင်းဆောင်ရှိပါတယ်။ အဲဒီကျောင်းဆောင်အဟောင်းကို ဖျက်ပြီးတော့ ဆောက်ပါတယ်။ နှစ်လလောက်ကြာတဲ့အခါ ပန်းရံလက်သမား ကုမ္ပဏီပြေးပါကော။ အကုန်တန်လန်းကြီးထားခဲ့ပြီးတော့ အဲဒီမှာရှိတယ် ကျောင်းအုပ်က ငါးဆယ့်ကိုးနှစ် သက်ပြည့်ပင်စင်ယူပြီး ကျောင်းအုပ်ကပင်စင်သွားပါတယ်။ ကျောင်းကတန်လန်းကြီးကျန်ခဲ့ပါတယ်" လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"ပညာရေးဌာနသည် နိုင်ငံတော်အတွက် အလွန်အရေးပါသော ဌာနတစ်ခုဖြစ်ပါတယ်။ ပညာရေးဌာနလက်အောက်မှ ဆရာ/ဆရာမများသည်ပင် နိုင်ငံတော်အတွက် လွန်စွာအဖိုးထိုက်တန်သော ပညာတတ်၊ လူရည်ချွန်များ နိုင်ငံခေါင်းဆောင်ကောင်းများ၊ မွေးထုတ်ပေးရာနေရာပင်ဖြစ်သည်။ နိုင်ငံတော်အတွက် အလွန်အရေးပါသော ပညာရေးဌာနမှ တာဝန်ရှိသူအချို့သည် ဌာနနှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်ရာတွင် လွဲချော်မှု တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် စိစစ်အရေးယူထိန်းကျောင်းတည့်မတ်ပေးပါရန် တိုက်တွန်းကြောင်း” အဆိုအား ပုသိမ်မြို့နယ်ကိုယ်စားလှယ်ဦးအောင်သူထွေးက လွှတ်တော်သို့တင်ပြမှုကို ဦးဌေးအောင်က ထောက်ခံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly