Are You Human Too ဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသားနေရာမှ ဆီအိုကန်ဂျွန်း သရုပ်ဆောင်ဖွယ်ရှိ

Are You Human Too ဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသားနေရာမှ ဆီအိုကန်ဂျွန်း သရုပ်ဆောင်ဖွယ်ရှိ

မင်းသားနှင့် အဆိုတော်ဖြစ်သူ ဆီအိုကန်ဂျွန်းသည် KBS ရုပ်သံလိုင်းမှ မကြာမီတွင် ရိုက်ကူးထုတ်လွှင့်တော့ မည့် Are You Human Too ဟု လတ်တလောအမည်ပေးထားသော ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသား နေရာမှ ပါ၀င်သရုပ်ဆောင်ဖို့ စဉ်းစားနေကြောင်း မတ်လ ၂၄ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

KBS မှ ဖော်ပြသော တရားဝင်သတင်းများအရ ခေါင်းဆောင်မင်းသားနေရာမှ ဆီအိုကန်ဂျွန်း ပါ၀င်သရုပ်ဆောင် ရန်အတွက် ၄င်းတို့အဖွဲ့နှင့် လတ်တလောတွင် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ဆုံးဖြတ်ချက်များကို သတ်သတ်မှတ်မှတ် မချရသေးကြောင်း သိရသည်။

အဆိုပါ ဇာတ်လမ်းတွဲတွင် ဦးနှောက်အသိဉာဏ်အတု ပါရှိသောစက်ရုပ်များသည် လူသားများနှင့် တူအောင် အယောင်ဆောင်ရပုံကို ဇာတ်လမ်းဆင်ထားခြင်း ဖြစ်သည်။

အကယ်၍ ဆီအိုကန်ဂျွန်းသည် ခေါင်းဆောင်မင်းသားနေရာမှ သရုပ်ဆောင်ဖြစ်ပါက ရုပ်ရည်ချောမော၊ ဉာဏ် ထက်မြတ်သည့် Namshin-III AI စက်ရုပ်နေရာမှ ပါ၀င်မည်ဖြစ်ပြီး သူ့ကို လူသားများ၏ ခံစားချက်ကို ဖတ်ရှု နိုင်သော လူသားဆန်သော အမှားများကို ကျူးလွန်တတ်သော ပရိုဂရမ်သွင်းခံထားရသည့် စက်ရုပ်အဖြစ် မြင်တွေ့ရမည် ဖြစ်သည်။

“Are You Human Too?” ဇာတ်လမ်းတွဲ၌ ပါ၀င်သရုပ်ဆောင်မည့် အနုပညာရှင်များအား ရွေးချယ်ပြီးချိန်တွင် ယင်းဇာတ်လမ်းတွဲကို ၂၀၁၇ခုနှစ် နှစ်လယ်၌ စတင်ရိုက်ကူးမည် ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly