ရန်ကုန်တိုင်းတွင် မဲပေးခွင့်ရှိသည့်ဦးရေ၏ ၁၀ ရာခိုင်နူန်းအောက်သာ မဲသက်သေခံလက်မှတ်ထုတ်ယူ

ရန်ကုန်တိုင်းတွင် မဲပေးခွင့်ရှိသည့်ဦးရေ၏ ၁၀ ရာခိုင်နူန်းအောက်သာ မဲသက်သေခံလက်မှတ်ထုတ်ယူ

ရန်ကုန်၊ မတ် ၂၃ ။            ။ ရန်ကုန်တိုင်းဒေသကြီးတွင် မဲသက်သေခံလက်မှတ် ထုတ်ယူခွင့်ပြုသည့်နေ့ကစပြီး တစ်ပတ်အတွင်း မဲဆန္ဒရှင် စုစုပေါင်း၏ ၁၀ ရာခိုင်နူန်းအောက်သာ မဲလက်မှတ်လာထုတ်ယူမှုရှိကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို မတ်လ ၃ ရက်မှ ၃၀ ရက်ထိ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် နှစ်ပတ်အတွင်း လာရောက်ထုတ် ယူနိုင်ကြောင်း   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။

“ လာထုတ်တဲ့သူတွေလည်းရှိပါတယ် ။ နည်းနည်းတော့ ထုတ်တာတော့နည်းနည်း၊ နည်းနေသေးတာပေါ့ ။ ရက်လည်းနည်းနည်းလိုသေးတာတော ့ပါ ပါတယ်။ ၃၀ ရက်နေ့ထိပေးမှာကို ၊ ရန်ကုန်တိုင်းဒေသကြီးမှာ မဲဆန္ဒရှင်အင်အားကတော့ ၁၀ သိန်းကျော်ရှိတာပေါ့နော် ။ မနေ့ကထိပေါ့ ။ ၂၂ ရက်နေ့ထိကတော့ ၆ သောင်းကျော်ထုတ်ပြီးပြီ”ဟု ရန်ကုန်တိုင်းဒေသကြီး   ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးမှ အတွင်းရေးမှူး ဗိုလ်ကြီးတင်ဝင်း (ငြိမ်း) က ပြောဆိုသည်။

ကော်မရှင်အဖွဲ့ခွဲ့ရုံးမှ စရင်းများအရ မဲသက်သေခံလက်မှတ်ထုတ်ယူခွင့်ပြုသည့် ကာလတစ်ဝက်ခန့်တွင် လာရောက်ထုတ်ယူသူမှာ ၁၀ ရာခိုင်နူန်းအောက်ရှိနေခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲဖြစ်သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ စိတ်ဝင်စားမှုမရှိခြင်း ဖြစ်နိုင်ကြောင်း ၄င်းက မှတ်ချက်ပြုသည်။

“ တိုင်းတစ်တိုင်းလုံးနဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ စိတ်ဝင်စားမှုကတော့ အရင်လိုတော့ သိပ်ပြီးတော့ နည်းနည်း နည်းတယ်လို့ပဲပြောရမှာပေါ့လေ “ ဟုဗိုလ်ကြီးတင်ဝင်း (ငြိမ်း)က ဆိုသည်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မဲစာရင်းများကို ဒုတိယအကြိမ် ပြန်လည်ကပ်သည့်နေ့မှစတင်ပြီးလက်ရှိအချိန်ထိ   ပုံစံ(၃) အရ ပြန်လည်ပြင်ဆင်သူ ၉၀၀ ကျော် ၊ ပုံစံ(၄) အရ နာမည်ပယ်ဖျက်ပေးရန် ကန့်ကွက်သူ ၄၁ဦး၊ ၄(ဂ) ဖြင့်ပြန်လည်ပြင်ဆင်ရန်လျှောက်ထားသူ ၄၇ ဦး ရှိခဲ့ကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်ခွဲမှသိရသည်။

မဲစာရင်းများကို မတ်လ ၁၇ ရက်နေ့တွင် နောက်ဆုံးအကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ အထိ သွားရောက်ကြည့်ရှုပြီး ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးူကောက်ပွဲလုပ်မည့် မြို့နယ် ၁၁ ရှိပြီး မဲရုံ ၉၄၂ရုံ တွင် မဲဆန္ဒရှင်ပြည်သူ ၁၀ သိန်းကျော် မဲပေးကြမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ ခုမှ မြို ့နယ် ၂၂ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ်နေရာ ၁၉ နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လစ်လစ်နေရာများမှာ ပြည်သူ ့လွှတ်တော်တွင် ၉ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၃ နေရာနှင့် တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်တွင် ရ နေရာတို့ ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ်စားလှယ်လောင်း ၉၆ ယောက်တို့က ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင် ၂.၁ သန်းခန် ့က မဲပေးခွင့် ရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly