ဒစ်စနေးကုမ္ပဏီသည် Zootopia ကို ခိုးယူသုံးစွဲခဲ့သည်ဟု ဇာတ်ညွှန်းရေးဆရာတစ်ဦးက တရားစွဲဆို

ဒစ်စနေးကုမ္ပဏီသည် Zootopia ကို ခိုးယူသုံးစွဲခဲ့သည်ဟု ဇာတ်ညွှန်းရေးဆရာတစ်ဦးက တရားစွဲဆို

ဒစ်စနေးကုမ္ပဏီသည် အကောင်းဆုံးကာတွန်းဇာတ်လမ်း အော်စကာဆုကို ဆွတ်ခူးခဲ့သော Zootopia ကို ၄င်း၏ ခွင့်ပြုချက်မရဘဲ အသုံးပြုခဲ့ကြောင်း ဟောလိ၀ုဒ်၏ ၀ါရင့် ဇာတ်ညွှန်းရေးဆရာနှင့် ထုတ်လုပ်သူဖြစ်သူက ပြောကြားကာ ပြီးခဲ့သော အင်္ဂါနေ့တွင် တရားစွဲဆိုခဲ့သည်။

မင်းသားအာနိုး၏ နာမည်ကျော် Total Recall ဇာတ်ကားနှင့် တွမ်ခရုစ်၏ Minority Report ဇာတ်ကားတို့တွင် ဇာတ်ညွှန်းပါ၀င်ရေးသားပေးခဲ့သော ဂယ်ရီဂိုးလ်မန်းက သူ၏ မူပိုင်ခွင့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်ဟု ဆိုကာ လော့စ်အိန်ဂျယ်လိစ်ရှိ ခရိုင်တရားရုံး၌ အမှုဖွင့်၍ တရားစွဲဆိုခဲ့သည်။

ဒစ်စနေးကုမ္ပဏီသည် သူ၏ စိတ်ကူးစိတ်သန်းဖြစ်သော Zootopia ဆိုသည့် အမည်နှင့် ဇာတ်လမ်းအပြင်အဆင်၊ သံစဉ်၊ ဇာတ်ကွက်၊ ဒိုင်ယာလော့ခ်နှင့် ဇာတ်ကောင်များကို ပုံတူပွားကာ ကူးချခဲ့သည် ဟု သူက ပြောခဲ့သည်။

ဒစ်စနေးမှလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မစ္စတာဂိုးလ်မန်း၏ တရားစွဲဆိုမှုသည် မလျော်မကန်သော စွပ်စွဲ မှုများ ပါ၀င်နေပြီး ၄င်းတို့သည် တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

Zootopia ကာတွန်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း၌ ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလျံကျော်ခန့် ရရှိခဲ့ပြီး ပြီးခဲ့သော လက ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲ၌ အကောင်းဆုံး ကာတွန်းဇာတ်လမ်းဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly